MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး အနည်းငယ်မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ်မြင့်တက်ပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၉၅,၀၀၀ ရှိကာ ဒေါ်လာဈေးနှုန်း ၃,၀၆၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၉၁၆ ဒေါ်လာသာရှိသော်လည်း ဇူလိုင်လ ၁၀ ရက်(ယနေ့)တွင် ၁,၉၂၄ ဒေါ်လာအထိ မြင့်တက်ခဲ့သဖြင့် ယနေ့တွင် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၉၅,၀၀၀ ရှိခဲ့ပြီး သုံးရက်အတွင်း ကျပ် ၅,၀၀၀ မြင့်တက်ခဲ့ကာ ‌ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၆၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။

ပြင်ပဈေးကွက်၌ ရွှေဈေးနှုန်းသည် ဇွန်လဆန်းပိုင်းမှစတင်၍ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး ဇွန်လ ၂၁ ရက်မှစတင်၍ တစ်ဒေါ်လာ ကျပ် ၃,၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၅ ရက်တွင် ရွှေဈေးနှုန်း ၃,၁၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၄၀ ကျပ်၊ ဇူလိုင်လ ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၁၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၅၅ ကျပ်၊ ဇူလိုင်လ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၁၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၆၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *