ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဆေးရုံတစ်ရုံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသည့် ကလေးတစ်ဦးကို တွေ့ရစဉ်။

၁၀. ၇. ၂၀၂၃
Translated by Htwe Ko Tun

အပူပိုင်းဒေသနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးအဖျားရောဂါက ယခုအခါတွင် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်ပွားမှုနှုန်း အထူးမြင့်တက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဦးစီးဌာန(DDC) က ၂၀၂၃ ခုနှစ်၏ ပထမခြောက်လအတွင်း ထိုင်းနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုက ယခင်နှစ်အလားတူကာလထက် သုံးဆခန့်တိုးမြင့်ကာ ဖြစ်ပွားမှုနှုန်း စံချိန်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၂၈ ရက်အထိ ထိုင်းနိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၇,၃၇၇ ဦးရှိခဲ့ပြီး ၃၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဇွန်လအတွင်း၌ပင် ထိုင်းနိုင်ငံ၌ အပတ်စဉ် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ လူနာသစ် ၁,၅၀၀ မှ ၂,၄၀၀ ကြားရှိခဲ့ကြောင်း၊ ဖြစ်ပွားသူအများစုက အသက် ငါးနှစ်မှ ၁၄ နှစ်ကြား ကလေးများဖြစ်၍ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ်များက ဒုတိယအများဆုံး ဖြစ်ကြောင်း DDC က ပြောခဲ့သည်။

အလားတူပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၂,၉၅၄ ဦးရှိပြီး ၎င်းတို့အနက် ၇၃ ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်ပွားသူအများစုက ကလေးငယ်များဖြစ်ကြောင်း ကျန်းမာရေးဌာနက ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း မိုခါမုန်တိုင်းတိုက်ခတ်အပြီးတွင် ရခိုင်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ကလေး ငါးရာကျော်အထိရှိလာသဖြင့် ယခုအခါပြည်နယ်အတွင်း ကလေးအထူးကုဆရာဝန်ကြီးများပါ ထပ်မံအင်အားဖြည့်၍ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဆက်လက်မြင့်တက်မလာရေး ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်တွင် ကြေညာခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးရသူမရှိသေး‌ကြောင်း သိရသည်။

Ref—- Bangkok Post, Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *

Related News