MT News

၆. ၇. ၂၀၂၃

တည်ဆောက်ဆဲဖြစ်သော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူဖူးမြော်နိုင်မှုမရှိသေးကြောင်း နိုင်ငံပိုင်သတင်းဌာနကတစ်ဆင့် အသိပေးထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၁-၇-၂၀၂၃ ရက်နေ့မှစတင်၍ အများပြည်သူဝင်ရောက်ဖူးမြော်နိုင်ပြီဖြစ်ကြောင်း ကောလာဟလ သတင်းများ ဆိုရှယ်မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည်။

လက်ရှိကာလတွင် ရုပ်ပွားတော်မြတ်ကြီးနှင့်အတူ အခြားသာသနိကအဆောက်အဦများ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ဆဲမျှသာရှိသေးသည့်အတွက် အများပြည်သူများ ဖူးမြော်ပူဇော်နိုင်မှုမရှိသေးပါကြောင်းအား သိရှိနိုင်ကြရန် အသိပေးချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *