၄. ၇. ၂၀၂၃
Written By Thandar
ဒီနေ့စတင်ပြသမဲ့ “အိပ်မက်ထဲက အိပ်မက်” Season 2 အတွက် ပရိသတ်တွေနဲ့အတူတူ ရင်ခုန်မိတယ်လို့ သရုပ်ဆောင် သဇင်ထူးမြင့်က ပြောပါတယ်။
“သဲက ဒီဇာတ်လမ်းတွဲမှာ နွယ်နွယ်ထွန်းဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ စစ်မင်းထက်(ခ)ပိုင်ပိုင်ရဲ့ ကောင်မလေးပေါ့။ နှစ်ယောက်ကြား အဆင်မပြေမှုတွေများစွာကြားထဲက ချိုမြိန်စွာ ဖူးပွင့်လာကြတဲ့ ပိုင်ပိုင်ရဲ့ အချစ်ပန်းပွင့်လေးတွေလည်း ဖြစ်ပါတယ်။ Season 1 အပိုင်းက ပရိသတ်အကြိုက် တွေ့ခဲ့တဲ့ ဇာတ်လေးဆိုတော့လေ နွယ် ကာရိုက်တာ လာမှာမို့ ပရိသတ်တွေနဲ့အတူတူ ရင်ခုန်ကြမိတယ်လို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် သဇင်ထူးမြင့်က ပြောပါတယ်။

W Entertainment က စီစဉ်ရိုက်ကူးတဲ့ “အိပ်မက်ထဲကအိပ်မက်” Season 2 ကို ဒါရိုက်တာပြည့်ဖြိုးနိုင် ရိုက်ကူးပုံဖော်ထားပြီး ဗညားဘုန်းပြည့်၊ စစ်မင်းထက်၊ ဘုန်းလျှံ၊ ဝေရှိုင်း၊ နေ့သစ်၊ အေးအောင်၊ ချောရတနာ၊ သဇင်ထူးမြင့်၊ ဂျီဂျီး၊ မှူးထိပ်ထား တို့အပြင် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာ ဇာတ်လမ်းဖန်တီးမှုတွေနဲ့ အိပ်မက်ထဲက အိပ်မက် (Dreamed A Dream) ဇာတ်လမ်းတွဲလေးက ပရိသတ်တွေရဲ့တောင်းဆိုမှုတွေကြောင့် ယနေ့ ဇူလိုင် ၄ ရက်နေ့မှာ Channel K နဲ့ W Entertainment ကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။


