အိန္ဒိယနိုင်ငံ၊ ဆမ်ရတ်ဒီ မာဟာမာ့ဂ် အမြန်လမ်းမပေါ်တွင် ဇူလိုင်လ ၁ ရက် နံနက်က မီးလောင်တိမ်းမှောက်နေသော ဘတ်စ်ကားအား တွေ့ရစဉ်။

၁. ၇. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ မဟာရတ်ရှ်ထရာပြည်နယ်တွင် ရာဗတ်မယ်လ်မြို့မှ ပွန်းမြို့သို့ မောင်းနှင်လာသော ဘတ်စ်ကားတစ်စီးမှာ ဇူလိုင်လ ၁ ရက် နံနက် ၂ နာရီအချိန်က ဆမ်ရတ်ဒီ မာဟာမာ့ဂ် အမြန်လမ်းမပေါ် ဘူလ်ဒါနာမြို့အတွင်း တိမ်းမှောက်မီးလောင်ခဲ့ရာ ကားပေါ်ပါ ခရီးသည်များအနက် အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ခရီးသည် ၃၃ ဦးလိုက်ပါလာသော ဘတ်စ်ကားက ဆမ်ရတ်ဒီ မာဟာမာ့ဂ် အမြန်လမ်းမပေါ် တွင် မီးခိုးလုံးကြီးများထွက်လာကာ လောင်ကျွမ်းနေသည်ကို တွေ့ရှိရပြီးနောက် ဒဏ်ရာရရှိသူများကိုလည်း ဘူလ်ဒါနာဆေးရုံသို့ အမြန်တင်ပို့ခဲ့ရကြောင်း သိရသည်။

ဘတ်စ်ကားမှာ ဘီးတစ်လုံးတာယာပေါက်ကွဲပြီးနောက် တိုင်တစ်ခုကိုတိုက်မိကာ လမ်းလယ်အတားအဆီးကိုပါ တိုက်မိပြီး တိမ်းမှောက်သွားခဲ့ကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ဘူလ်ဒါနာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ကားမီးလောင်မှုတွင် ကားပေါ်ပါ ခရီးသည် ၃၃ ဦးအနက် ၂၅ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားမောင်းနှင်သူမှာ အဖြစ်အပျက်တွင် အသက်ရှင်ကျန်ရစ်ခဲ့ကာ ၎င်းက ကားမှာ ဘီးတာယာတစ်လုံးပေါက်ကွဲမှုက ကားအတွင်းမီးလောင်မှုဖြစ်စေကာ တိမ်းမှောက်ခဲ့ခြင်းဟု ပြောခဲ့သည်။

Ref-Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *