September 21, 2024

MT News

၁. ၇. ၂၀၂၃

ကမ္ဘာပေါ်က ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေထဲ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမယ့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဦးဆောင်ဘုရားဒါယကာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနဲ့ တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေက နေ့ညမပြတ် ကြိုးပမ်းတည်ဆောက်ပူဇော်နေတာ ၂၀၂၀ ဇွန်လ ၁၄ ရက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့တဲ့နေ့ကနေ ဇွန် ၃၀ ရက် အထိဆို ရက်ပေါင်း (၁၁၁၁)ရက် ၃ နှစ်နဲ့ ၁၆ ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 347438826_131599456624204_2661104031558964304_n-1024x575.jpg

ကမ္ဘာပေါ်မှာ စကျင်ကျောက်နဲ့ ထုဆစ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမယ့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုကိုပြသဖို့၊ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုရဲ့ ဗဟိုချက် ဖြစ်စေဖို့၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေဖို့၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေဖို့ စတဲ့ ရည်ရွယ်ချက်(၄)ရပ်နဲ့ တည်ဆောက်ပူဇော်နေတာဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီးနဲ့အတူ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနကအဆောက်အဦတွေကိုလည်း နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးတွေရဲ့ ဩဝါဒနဲ့အညီ ထည့်သွင်းတည်ဆောက်နေတာပါ။

This image has an empty alt attribute; its file name is 347418860_131599403290876_5246248533828718824_n.jpg

လက်ရှိမှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်မှု ၁၁၁၁ ရက် ရှိပြီဖြစ်သလို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုကို နိုင်ငံတစ်ဝန်းလုံးက ရဟန်းရှင်လူမိဘပြည်သူတွေ ဖူးမြော်ကြည်ညိုနိုင်ဖို့နဲ့ ရာနှုန်းပြည့် ပြီးစီးနိုင်ဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပုံရိပ်မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *