April 27, 2024

၃၀. ၆. ၂၀၂၃
Written by Pan Ei

အသက် ၃၉ နှစ်အရွယ် ပြင်သစ်နိုင်ငံက မီးသတ်သမားတစ်ဦးဟာ မီးရှို့ထားတဲ့ ဝတ်စုံဝတ်ကာ တစ်ကိုယ်လုံးလောင်ကျွမ်းနေရင်းမှပင် အကွာအဝေး ၈၉၃ ပေ ပြေးကာ ဂင်းနစ်စံချိန် နှစ်ခု တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Jonathan Vero လို့ အမည်ရတဲ့ အဲ့ဒီအမျိုးသားဟာ မီးလောင်နေတဲ့ မီးဘေးကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဟာဗောဒင်ကျေးရွာက လမ်းပေါ်မှာ အောက်ဆီဂျင်မပါဘဲ တစ်ကိုယ်လုံးလောင်ကျွမ်းနေတဲ့အနေအထားနဲ့ အကွာအဝေးအရှည်ဆုံး ပြေးတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။

Vero ဟာ ပထမ ၃၂၈ ပေကို ၁၇ စက္ကန့်အတွင်း ပြီးမြောက်အောင် ပြေးနိုင်တာကြောင့် ပထမစံချိန်ချိုးခဲ့ပြီး အောက်ဆီဂျင်မပါဘဲ တစ်ကိုယ်လုံးလောင်ကျွမ်းနေရင်း မီတာ ၁၀၀ အပြေးအမြန်ဆုံးအတွက်လည်း ဒုတိယစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-06-30_15-18-16.jpg

အရင်က ပထမမီတာ ၁၀၀ ကို ၂၄ ဒသမ ၅၈ စက္ကန့်အတွင်းပြေးခဲ့တဲ့ စံချိန်အပါအဝင် အောက်ဆီဂျင်မပါဘဲ တစ်ကိုယ်လုံးလောင်ကျွမ်းနေရင်း ပေ ၆၇၀ အကွာအဝေးပြေးခဲ့တဲ့ စံချိန်နှစ်ခုလုံးကို ဗြိတိန်နိုင်ငံသား Antony Britton က စံချိန်တင်ခဲ့တာပါ။

Vero ဟာ မီးသတ်သမားတစ်ဦးနဲ့ ပရော်ဖက်ရှင်နယ် စတန့်သမားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သူဟာ မီးကို စိတ်အားထက်သန်မှု အပြည့်ရှိပြီး မီးနဲ့ကစားရတာကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးလို့ ဂင်းနစ်စံချိန်တင်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *