April 28, 2024

၃၀. ၆. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ သောင်ရင်းမြစ်တစ်လျှောက်တွင် မှုခင်းဇုန်(Crime Zones) ပေါင်းအနည်းဆုံး ၁၇ ခုရှိနေကြောင်း အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးအင်စတီကျူ USIP အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာဘက်ခြမ်းတွင် KNU လက်နက်ကိုင်များ ကြီးစိုးထိန်းချုပ်သည့် ထိုင်း-မြန်မာနယ်စပ်ဒေသ တစ်လျှောက်ရှိ ရာဇဝတ်မှုကျူးလွန်နေသော အဖွဲ့အစည်းများ၊ ဂိုဏ်းများသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများမှ ပြည်သူများကို မြင့်မားသောလစာနှုန်းဖြင့် အလုပ်အကိုင်အခွင့်လမ်းကောင်းများရမည်ဟု အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးလိမ်လည်ခေါ်ယူပြီး လူကုန်ကူးခံရသူများကို အွန်လိုင်းမှ ငွေကြေး လိမ်လည်မှုများလုပ်ဆောင်ရန် ဖိအားပေးခိုင်းစေနေကြောင်း USIP အဖွဲ့က ဆိုသည်။

This image has an empty alt attribute; its file name is IMG-1b90f76a88acdf09ee15e9312678bf7b-V.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလအတွင်း နယ်စပ်ဒေသကို ပိတ်ပင်ထားခြင်း၊ Lockdowns ချထားခြင်းများရှိနေသော်လည်း ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ Crime Zones များ တိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။အနီးစပ်ဆုံး ဥပမာပြရမည်ဆိုလျှင် Tik-Tok လူမူကွန်ရက်တွင် ဖွင့်လှစ်ထားသော KK Park Zone ၌ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်ရန် ငြင်းဆန်သူများ၏ ခန္ဒာကိုယ်အင်္ဂါအစိတ်ပိုင်းများကို ရောင်းချခြင်းများရှိနေကြောင်း အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးအင်စတီကျူက ဖော်ပြထားသည်။

ကမ္ဘာတဝှမ်းနိုင်ငံများရှိ အနည်းဆုံး နိုင်ငံပေါင်း ၄၆ နိုင်ငံ၏ နိုင်ငံသားများသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသရှိ ရာဇဝတ်မှုများကျူးလွန်နေသော လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံခဲ့ရပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနယ်စပ်ဒေသသို့ လူကုန်ကူး ပို့ဆောင်ခံရကြောင်းသိရသည်။ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် သတင်းမီဒီယာများက ထိုင်းနှင့်မြန်မာနယ်စပ်ဒေသရှိရာဇဝတ်မှုကျူးလွန်နေသာ အဖွဲ့အစည်းဂိုဏ်းများအကြောင်းကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းများရှိနေသော်လည်း အဆိုပါရာဇဝတ်မှုကျူးလွန်နေသော ဂိုဏ်းအဖွဲ့အစည်းများသည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်ပြီး လူသစ်ခေါ်ယူခြင်း၊ လူကုန်ကူးဂိုဏ်းများနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း တိုးမြှင့်လုပ်ဆောင်လျက်ရှိနေကြောင်းသိရသည်။

ထိုင်းနှင့်မြန်မာနယ်စပ်ဒေသရှိ ရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးအဖွဲ့အစည်းများသည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်မှု မြင့်တက်လာနေသော်လည်း အကျိုးဆက်များက ပြောင်းလဲခြင်းမရှိသေးကြောင်း Crime Zones များတွင် ဒေသခံလက်နက်ကိုင်အဖွဲ့စအည်းများ၊ ရာဇဝတ်ဂိုဏ်းများက သြဇာကြီးမားနေပြီး ရွှေကုက္ကိုလ်စီမံကိန်းတွင် လိမ်လည်မှုများ၊ လောင်းကစားလုပ်ငန်းများ၊ အကျင့်ပျက်ခြစားမှုများ မြင့်တက်လျက်ရှိနေကြောင်း အဆိုပါ အမေရိကန်အခြေစိုက်အဖွဲ့အစည်းက ​ပြောသည်။

Ref- USIP

Leave a Reply

Your email address will not be published. Required fields are marked *