MT News

Written by Min Mahar

ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့အား PDF များက ရှော့တိုက်ဒုံး၊ လက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးဒဏ်ရာရရှိမှု ဇွန်လ ၂၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက်နေ့ မနက် ၇ နာရီ ၂၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲ့အား ကျေးရွာ၏အရှေ့ဘက်တစ်မိုင်ခွဲခန့်အကွာရှိ မူးဘောင်ဘက်မှ PDF များက ရှော့တိုက်ဒုံးဖြင့် ၂ ချက်၊ လက်နက်ငယ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးပူးပေါင်းအဖွဲ့၏ အရှေ့ဘက်တစ်မိုင်ခန့်အကွာရှိ အသက် ၅၅ နှစ်အရွယ်ရှိသောဦးတိုးအောင်၏ လယ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လယ်ကွက်အတွင်း အလုပ်လုပ်ကိုင်နေသည့် ၎င်းအမျိုးသားနှင့်အတူ အသက် ၆၄ နှစ်အရွယ်ခန့်ရှိသော ဦးမြင့်ဌေးတို့နှစ်ဦးကို ထိမှန်ကာ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အဆိုပါကျရောက်ပေါက်ကွဲမှုကြောင့် လယ်ပိုင်ရှင်ဦးတိုးအောင်သည် ဝဲဘက်ဖနောင့် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ရင်း စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ဖျံ စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲရင်ဘတ် ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့်ဦးမြင့်ဌေးတွင်မူ ယာဘက်တံတောင်ဆစ် ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နံနက် ၈ နာရီ ၅၀ မိနစ်တွင် ဦးတိုးအောင်ကို ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ ဦးမြင့်ဌေးကို မန္တလေးပြည်သူ့ဆေးရုံကြီး သို့လည်းကောင်း ဆေးကုသမှုခံယူရန်အတွက် ခွန်တောင်းကြီးကျေးရွာ ကရုဏာသုခ လူမှုညီရေးယာဉ် ၂ စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *