၃၀. ၆. ၂၀၂၃

Written by Nay Aung

အိန္ဒိယစစ်တပ်သည် မြန်မာ့တပ်မတော်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းအဖြစ် မြန်မာ့တပ်မတော်မှ သူနာပြု ၂၈ ဦးကို လေ့ကျင့်သင့်ကြားပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယစစ်တပ်သည် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာသူနာပြုများကို ဆေးဘက်ဆိုင်ရာလေ့ကျင့်ခန်းများ၊ ခွဲစိတ်မှုဆိုင်ရာလေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ သူနာပြုများအပြင် နီပေါစစ်တပ်မှသူနာပြု ၄ ဦးသည်လည်း အိန္ဒိယစစ်တပ်က လေ့ကျင့်သင်ကြားပေးသော ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုဆိုင်ရာသင်တန်းများကို တက်ရောက်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 357348150_130797536704396_7367380911129178721_n.jpg

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် မြန်မာ့တပ်မတော်အပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခြင်း၊ ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် မြန်မာ့တပ်မတော်နှင့် ပုံမှန်အတိုင်း ဆက်ဆံရေး ထိန်းသိမ်းလျက်ရှိသည်။

အိန္ဒိယအစိုးရနှင့် စစ်တပ်တို့သည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ပုံမှန်အတိုင်းထိန်းသိမ်းပေးခဲ့ပြီး မြန်မာ့နိုင်ငံရေးအကျပ်တည်းများ ဖြေရှင်းနိုင်ရန်အတွက် ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် ကျင်းပပေးခဲ့ဖူးကြောင်းသိရသည်။

အိန္ဒိယစစ်တပ်က သင်ကြားပေးခဲ့သောဆေးဘက်ဆိုင်ရာ လေ့ကျင့်ခန်းများ၊ ခွဲစိတ်မှုဆိုင်ရာသင်တန်းများကိုတက်ရောက်ခဲ့သော သူနာပြုများကို ဇွန်လ ၂၈ ရက်နေ့တွင် နယူးဒေလီမြို့၌ သင်တန်းပြီးဆုံးအောင် တက်ရောက်ကြောင်းအသိမှတ်ပြုအောင်လက်မှတ်များကို အိန္ဒိယစစ်တပ်၏ တပ်မှူးက ချီးမြှင့်ပေးခဲ့ကြောင်း အိန္ဒိယစစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။

Ref-indianarmy

Leave a Reply

Your email address will not be published. Required fields are marked *