၃၀. ၆. ၂၀၂၃
Written by Pan Ei

ပုရွက်ဆိတ်တွေအတွက် လက်ကိုင်အိတ်လို့တောင် ထင်ရမယ့် နာမည်ကြီးဇိမ်ခံအမှတ်တံဆိပ် Louis Vuitton အမှတ်တံဆိပ်နဲ့ အိတ်လေးဟာ ပင်လယ်ဆားပွင့်တစ်ပွင့်ထက်တောင် သေးငယ်ပြီး အဏုမြူမှန်ပြောင်းနဲ့ကြည့်မှသာ မြင်တွေ့နိုင်မှာပါ။

This image has an empty alt attribute; its file name is photo_2023-06-30_10-24-55-2.jpg

အဆိုပါ အိတ်လေးဟာ အရွယ်အစားကသာ သေးငယ်လွန်းလှပေမဲ့ လေလံတင်ရောင်းချခဲ့ရာမှာတော့ အမေရိကန်ဒေါ်လာ ၆၃,၀၀၀ (မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၂ထောင်နီးပါး) ရရှိခဲ့ပါတယ်။

အနံ သုည ဒသမ ၃ လက်မအောက်သာရှိတဲ့ နီယွန်အစိမ်းရောင်အိတ်ကို Louis Vuitton ရဲ့ကျော်ကြားတဲ့ OnTheGo လက်ကိုင်အိတ်ပုံစံကို တုပကာထုတ်ထားတာဖြစ်ပြီး LV အမှတ်အသားလည်း ပါဝင်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-06-30_10-24-55-3.jpg

အဆိုပါအိတ်ကို နယူးယောက်အခြေစိုက် အနုပညာကုမ္ပဏီ MSCHF က ၂၀၂၁ ခုနှစ်မှာ 3D နည်းပညာအသုံးပြုကာ တီထွင်ပြုလုပ်ခဲ့တာဖြစ်ပြီး အိတ်ကို အွန်လိုင်းက လေလံတင်ရောင်းချတဲ့ Joopiter ကနေ ရောင်းချခဲ့ရမှာတော့ သေးငယ်လွန်းတဲ့အိတ်အတွက် များပြားလှတဲ့ပမာဏ အမေရိကန်ဒေါ်လာ ၆ သောင်းကျော်ကို ရရှိခဲ့တာပါ။

MSCHF ရဲ့ အဆိုပါ အိတ်အကြောင်းကို အင်စတာဂရမ်မှာ တင်ခဲ့တဲ့ပို့စ်မှာ ကျီစယ်​ကြတဲ့တုံ့ပြန်မှုအချို့ကို ရရှိခဲ့ပြီး အင်တာနက်အသုံးပြုသူတချို့က “နောက်ဆုံးတော့ ငါ့ပိုက်ဆံတွေအကုန်ထည့်နိုင်မယ့် အိတ်ကိုတွေ့ပြီ။”၊ ” အိတ်က အဏုမြူမှန်ပြောင်းနဲ့ ကြည့်မှမြင်ရတာမလို့ ပိုက်ဆံကိုလည်း မိုက်ခရိုဒေါ်လာနဲ့ ပေးချေလို့ရမလား” လို့ စသဖြင့် နောက်ပြောင်မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *