၃၀. ၆. ၂၀၂၃
Written by Naing Thuta

ယမန်နေ့ညနေပိုင်းက အမရပူရမြို့နယ်၊ မြပုခက်ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတစ်ပါး ပေ ၄၀ နက်သည့် ရေတွင်းထဲသို့ မတော်တဆပြုတ်ကျကာ ပျံလွန်တော်မူသွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၉ ရက်နေ့) ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမပူရမြို့နယ်၊ မြပုခက်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ရဟန်းတော်တစ်ပါးသည် ၎င်းကျောင်းဝန်းအတွင်းရှိ သုံးရေတွင်းထဲသို့ မတော်တဆပြုတ်ကျသွားသည်ဟုသတင်းရရှိသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ချက်ချင်းသွားရောက်ခဲ့ရာ ပေ ၄၀ ခန့်အနက်ရှိသည့် ရေတွင်းအတွင်း (ရေအနက် ၅ ပေကျော်)မှ သံဃာတော်၏ ရုပ်ကလာပ်ကိုဆယ်ယူပေးနိုင်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-06-30_09-42-55.jpg

“မြပုခက်ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော်တစ်ပါး အဲ့ဒီကျောင်းဝန်းထဲက ပေ ၄၀ လောက်နက်တဲ့ သုံးရေတွင်းပေါ် ထိုင်နေရာကနေ မတော်တဆပြုတ်ကျသွားတယ်လို့ သတင်းရလို့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို ချက်ချင်းလွှတ်ပြီးသွားရောက်ကယ်ဆယ်ပေးခဲ့တယ်။ ဒါပေမဲ့ ဆရာတော်က ကျွန်တော်တို့ ဆင်းကယ်ကတည်းက အသက်မရှိတော့ဘဲ ပျံလွန်တော်မူသွားတယ်။ ရေတွင်းက ပေ ၄၀ လောက်ရှိပြီး ရေကတော့ ၅ ပေလောက်ရှိမယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *