၂၉. ၆. ၂၀၂၃
Written By Thandar

အနုပညာနဲ့ပတ်သက်ရင် သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းပါလုပ်ဆောင်ခဲ့တဲ့ မင်းသမီး ခွန်းဆင့်နေခြည်ကတော့ မြန်မာပြည်ပြန်လာချိန်မှာ အဖေ၊ အမေနဲ့ အကိုတို့ ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အတွက် အလှူအတန်းတွေ ပြုလုပ်နေပါတယ်။

“မြန်မာပြည်ကို ခဏပြန်လာပြီးတော့ အဖေ၊ အမေနဲ့ အကိုတို့ ကွယ်လွန်ခြင်း ( ၂ )နှစ်ပြည့်အတွက် ကိုယ်နဲ့ ရေစက်ရှိတဲ့ နေရာတချို့မှာ လက်လှမ်းမှီသလောက်အလှူတွေ လုပ်ပေးခွင့်ရခဲ့ပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ အလှူတွေလိုက်လံလှူဒါန်း ကုသိုလ်ပြုခဲ့ပါတယ်”လို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ပရိသတ်သိအောင်ပြောလာပါတယ်။

ပထမဦးဆုံးအနေနဲ့ မန္တလေး အင်းဝဆရာလေး ဗောဓိအောင်မြေ ဓမ္မာရုံဆောက်နေတာနဲ့ ကြုံကြိုက်ခဲ့တဲ့အတွက် ကျပ်ငွေ ၅ သိန်း မိသားစုအတွက် ရည်စူးပြီးလှူခဲ့ပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဆယ်မိုင်ကုန်းမှာရှိတဲ့ ပညာသိင်္ဂီ သီလရှင်ကျောင်းတိုက်သို့ ကျပ်ငွေ (၅) သိန်းနဲ့ဆန်တစ်အိတ် လှူခဲ့ပါတယ်။ နောက်ပြီး ဗဟန်းမြို့နယ် ရတနာ့ဗိမာန်စာသင်ကျောင်းတိုက်က သံဃာတော်တွေနဲ့ စာသင်သား ဦးဇင်း၊ ကိုရင်တွေကို နေ့ဆွမ်းကပ်လှူပြီး ထီး၊ ဖိနပ်၊ ယပ်၊ သင်္ကန်း၊ ဆေးဝါးတွေနဲ့ နဝကမ္မ အလှူငွေ စုစုပေါင်း အလှူငွေ ၁၄ သိန်း လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် သာကေတမြို့နယ် ဂန္တဝါစက ပရိယတ္တိစာသင်တိုက်မှာရှိတဲ့ သံဃာတော်တွေနဲ့ စာသင်သား ဦးဇင်း၊ ကိုရင်တွေကို နေ့ဆွမ်းကပ်လှူပြီး ထီး၊ ဖိနပ်၊ ယပ်၊ သင်္ကန်း၊ ဆေးဝါးတွေနဲ့ နဝကမ္မ အလှူငွေ စုစုပေါင်း အလှူငွေ ၁၄ သိန်း ထပ်မံ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ခွန်းဆင့်နေခြည်ဟာ ကျောက်ဆူး ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ခဲ့သူလည်းဖြစ်ပြီး အပျိုကြီး စာရင်းဝင်နေသူလည်းဖြစ်ပါတယ်။ သူမကတော့ အကယ်ဒမီများရှင် ကျော်ဟိန်းရဲ့ တပည့်ရင်းတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *