၂၇. ၆. ၂၀၂၃
Written by Peya

ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံးအဆင့် ၄ ရရှိခဲ့သည့် မစုမြတ်လင်းက ပညာရေး တက္ကသိုလ်တက်လိုပြီး ထောက်ပံ့မှုများ ထပ်မံ လိုအပ်နေသေးကြောင်း MT News သတင်းဌာနက စုံစမ်းသိရှိရသည်။

မစုမြတ်လင်းသည် ပြီးခဲ့သည့် စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက ညောင်ကျိုးစာစစ်ဌာန၊ အင်္ဂပူမြို့နယ်မှ ပြင်ပ​ဖြေအဖြစ် ဝင်ရောက်ဖြေဆိုခဲ့ခြင်း ဖြစ်ကာ ဝိဇ္ဇာဘာသာတွဲတွင် နိုင်ငံတော်အဆင့်(၄)၊ ဧရာဝတီတိုင်းဒေသကြီးတွင် အဆင့် ၂ ရကာ ၅ ဘာသာ ဂုဏ်ထူးဖြင့် အမှတ်ပေါင်း ၅၀၇ မှတ် ရခဲ့ခြင်းဖြစ်သည်။

မစုမြတ်လင်းသည် ပညာရေးတက္ကသိုလ်သို့ ဆက်၍တက်လိုခြင်း ဖြစ်သော်လည်း လက်လုပ်လက်စား မိဘများ၏ အခြေအနေကြောင့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ခက်ခဲခဲ့ရာ တာဝန်ရှိသူများနှင့် စေတနာရှင်များက အကူအညီများ ပေးအပ်နေကြခြင်း ဖြစ်သည်။

“အဆင်ပြေတယ်လို့တော့ မဟုတ်သေးဘူးပေါ့နော်။ တက္ကသိုလ် တက်တာကတော့ တက်မှာပါ။ တက်ဖြစ်မှာပါရှင်” ဟု မစုမြတ်လင်း၏ မိခင်ဖြစ်သူ ဒေါ်သန်းဌေး က ဆိုသည်။

ပညာရေး ထူးချွန်သူ မစုမြတ်လင်းအတွက် ထောက်ပံ့မှုများကို ထပ်မံ ပေးကြမည်ဖြစ်သည်ဟု သိရကြောင်းလည်း မိခင်ဖြစ်သူက ဆိုသည်။

“သူငယ်တန်းကတည်းက စာတော်တာပါ။ ဆရာ၊ ဆရာမ တွေကလည်း ကျကျနန သင်ပေးတယ်” ဟု ဒေါ်သန်းဌေး က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *