၂၇. ၆. ၂၀၂၃
Written by Min Ma Har

အဟောင်းပစ္စည်းများရောင်းဝယ်ရေးဆိုင်အား PDF များက သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ နှင့်အတူ ဖုန်း ၂ လုံး၊ နားကပ်တစ်ရံကိုပါ လုယက်သွားမှု ယမန်နေ့မွန်းလွဲပိုင်းက ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၆ ရက်နေ့) မွန်းလွဲ ၂ နာရီကျော်က ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ သီရိရတနာလမ်းရှိ အဟောင်းပစ္စည်းရောင်းဝယ်ရေးဆိုင်အား PDF အဖွဲ့ဝင်များက သေနတ်များကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့သည်။ ထို့နောက် ဆိုင်ရှိမိသားစုဝင်များအား သေနတ်များဖြင့်ချိန်ရွယ်၍ ခေါင်းငုံ့ထိုင်ခိုင်းထားပြီး အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအားဖွင့်ခိုင်းကာ သေတ္တာအတွင်း၌ ထည့်ထားသည့် ငွေ ကျပ် သိန်း ၆၀၊ ဗီရိုထဲရှိ ငွေကျပ် သိန်း ၄၀ ခန့်၊ ဖုန်း ၂ လုံးနှင့် နားကပ် ၁ ရံတို့အား လုယက် ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လိုက်လံပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *