MT News

၂၇. ၆. ၂၀၂၃

၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ဇွန် ၂၆ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြီး မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၁၀၈ မျိုး စုစုပေါင်းတန်ဖိုး မြန်မာ ငွေကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း) တို့ကို မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားများတစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၅ ဒသမ ၈၈၅ ကီလိုကျော်၊ ဘိန်းဖြူ ၅၆၂ ဒသမ ၈၀၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ သန်းကျော်၊ အိုက်စ် ၄၇၉၃ ဒသမ ၃၀၈ ကီလိုကျော်၊ ကက်တမင်း ၈၀၅ ဒသမ ၃၅၉ ကီလိုကျော်၊ ဆေးခြောက် ၁၈၀ ဒသမ ၈၇၆ ကီလို ကျော်၊ ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၁ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၅၂ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၅ ဒသမ ၂၆၈ ဘီလျံကျော်(အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၁၇၅ သန်း) ကို ဖျက်ဆီးခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ဒဂုန်ဧရာယာဥ်ရပ်နားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁၇၆ ဒသမ ၂၃၂ ကီလိုကျော်၊ ဘိန်းဖြူ ၉၂ ဒသမ ၅၂၁ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သန်း ကျော်၊ အိုက်စ် ၁၂၇၄၈ ဒသမ ၃၀၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ကက်တ မင်း ၄၁၆၃ ဒသမ ၁၃၂ ကီလိုကျော်၊ ဆေးခြောက် ၃၈၅ ဒသမ ၈၇၇ ကီလိုကျော် အပါအဝင် မူးယစ် ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၁၆ မျိုး စုစုပေါင်းတန်ဖိုး မြန်မာ ငွေကျပ် ၄၃၆ ဒသမ ၄၅၆ ဘီလျံကျော် (အမေရိကန် ဒေါ်လာ ၂၀၇ ဒသမ ၈၃၆၄ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်(တောင်) လေယာဥ်ကွင်းဟောင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၈ ဒသမ ၀၃၁ ကီလိုကျော်၊ ဘိန်းဖြူ ၆၁၀ ဒသမ ၄၄၅ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်းကျော်၊ အိုက်စ် ၃၅၂၇ ဒသမ ၇၅၄ ကီလိုကျော်၊ ကက်တမင်း ၂၂ ဒသမ ၆၇၃ ကီလိုကျော်၊ ဆေး ခြောက် ၂၇၄ ဒသမ ၇၈၇ ကီလို ကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၄၄ ဒသမ ၉၉၈ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၀၄၆၇ သန်း)ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး ခြင်းအစီအစဉ်များကို တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ၁၁၃၀ ဒသမ ၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၂၆၅ ဒသမ ၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉ ဒသမ ၃၆၇ ကီလို ကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁ ဒသမ ၅၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁ ဒသမ ၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၈၄၁ ဒသမ ၅၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁ ဒသမ ၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး စုစုပေါင်းတန်ဖိုး မြန်မာ ငွေကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလျံ ကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း) တို့ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News