April 19, 2024

◾️ ULF PDF အဖွဲ့ တင်ထားသော စခန်းသိမ်းရုပ်သံဖိုင်တွင် ရဲတပ်ဖွဲ့ဝင်များကို PDF များက လည်ပင်းဖြတ်ခြင်း၊ သေဆုံးနေသောရဲတပ်ဖွဲ့ဝင်ကို ဆဲဆိုကာ သေနတ်ဖြင့် ထပ်မံပစ်ခတ်မှု မှတ်တမ်းတင်ခြင်းများ ပါဝင်ခဲ့

၁၀. ၆. ၂၀၂၃
Written by Nay Moe

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းကို NUG ဩဇာခံ PDF များ ဝင်တိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သ-တ်ဖြတ်ကာ လက်နက်များနှင့် ငွေသိန်း ၁၁၀ ကျော် သိမ်းဆည်းလာခဲ့သည်ဟု NUG ၏ MOD စစ်ရုံးချုပ်က ယနေ့ ဇွန် ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့၊ မနက် ၅ နာရီ ၅၀ မှ ၇ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နှင့် Alpha (ဆားလင်းကြီး-ပကဖ) တို့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စခန်းမှုး ရဲအုပ် ဇော်ဌေးမြင့် ဦးစီးသော အင်အား(၄၀) ခန့်အထိုင်ချထားသည့် ညောင်ပင်ကြီးရွာရဲစခန်းကို စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့သည်။

တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် (၁၂) ဦးကျဆုံးကာ MA-13 (၂)လက်၊ G-3 (BA-63) (၄)လက်၊ Shotgun (၁)လက်၊ 7.62 ကျည် (၂၀၄၀) တောင့်၊ 5.56 ကျည် (၅၀) တောင့်၊ 9MM ကျည် (၅၀၀) တောင့်၊ M-79/40 MM ဗုံးသီး (၂၉) လုံး၊ နာနတ်သီးလက်ပစ်ဗုံး (၁၃) လုံး၊ ငွေ ၁၁,၄၀၀,၀၀၀/- (တရာ့တဆယ့်လေးသိန်း) ကျပ်ကို သိမ်းဆည်းခဲ့သည်။

ထိုတိုက်ပွဲတွင် PDF တစ်ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်။ ထိုသို့ ညောင်ပင်ကြီးရဲစခန်းကို PDF များ သာလွန်အင်အားဖြင့် ဝိုင်းတိုက်နေစဥ် မနက် ၆ နာရီ ၂၄ မိနစ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ တက်လာသော MI-35 (၁) စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ညောင်ပင်ကြီးရဲစခန်းအား အောင်မြင်စွာ စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့သည်ဟု NUG က ပြောသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ Buffalo People Defence Force ၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဖွဲ့ (Union Liberation Front) က တင်ထားသော ညောင်ပင်ကြီးရဲစခန်းရုပ်သံဖိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို PDF တစ်ဦးက ခေါင်းဖြတ်သ-တ်နေသော လှုပ်ရှားမှုပုံနှင့် သေဆုံးနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆဲဆိုကာ PDF နှစ်ဦးက အလှည့်ကျ သေနတ်ဖြင့် ထပ်မံပစ်ခတ်နေသည့် မြင်ကွင်းများလည်း ပါဝင်နေပြီး ထိုသို့ PDF များက ရက်စက်စွာသ-တ်ဖြတ်နေမှု မြင်ကွင်းကိုမူ MT News ၏ Telegram တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

Telegram တွင် ကြည့်ရှုရန်

https://t.me/MT_News_Media

Leave a Reply

Your email address will not be published. Required fields are marked *