April 18, 2024

၁၀. ၆ .၂၀၂၃

Written by Hey Mar

ယနေ့နံနက် အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် လူနေအိမ်ပေါ် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားသဖြင့် လူ ၄ ဦး ပိမိသေဆုံးခဲ့ကြောင်း လားရှိုးလူငယ်ပရဟိတအဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၁၀ ရက် နံနက် ၁ နာရီ ၃၀ မိန၀် ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အငှားအိမ်ဆောင်အခန်းတွဲတစ်ခုအပေါ် ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ပေးသောလက်များ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူက MT News သို့ ဖြစ်စဥ်အား ပြောကြားသည်။

“မနေ့ကတည်းက မိုးကလည်း တောက်လျောက်ရွာနေတာဆိုတော့ မြေသားတွေလည်း အိကျနေပုံရပါတယ်။ နောက်ပြီး နယ်မြို့ဖြစ်နေတော့ ကူညီကယ်ဆယ်ရာမှာလည်း လူအားပဲ အသေအချာသုံးနိုင်တယ်။ ဖြစ်ဖြစ်ခြင်းတာ့ ရှာကယ်တွေကို အချိန်နဲ့တပြေးညီ လုပ်တာပါပဲ။ အသက်ရှင်လျက်တော့ မကယ်တင်နိုင်ခဲ့ပါဘူး။ ကလေး ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးလျှက် ပြန်လည် သယ်ထုတ်နိုင်ခဲ့ပါတယ်” ဟု အဆိုပါ ပရဟိတအဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ကြုံရသည့် အခြေအနေကို ပြောပြသည်။

အခင်းဖြစ်ပွားရာနေရာသို့ လားရှိုးမြို့နယ်မီးသတ်ဦးစီးမှူးဦးစီးသည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လားရှိုးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်ပရဟိတအသင်း၊ပေးသောလက်လူမှုကူညီရေးအသင်း၊ ကမ္ဘောဇနာရေးနှင့်ဆန်လှူအသင်းတို့နှင့် ပူးပေါင်းကာ သေဆုံးသူ- အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၃ ဦးတို့အား သယ်ဆောင် ၍ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့၊ ထိုမှတစ်ဆင့် ရင်ခွဲရုံသို့ (PR-006/007/008/009)တို့ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *