April 25, 2024

၁၀. ၆. ၂၀၂၃
Written by Pan Ei

နာမည်ကျော် တောင်ကိုရီးယား ယောက်ျားလေး အဆိုတော်အဖွဲ့ EXO ဟာ ၄ နှစ်အကြာမှာ အယ်လ်ဘမ်အသစ် ထုတ်တော့မယ်ဆိုတဲ့အကြောင်းကို အဖွဲ့ရဲ့ အေဂျင်စီ SM အင်တာတိန်းမန့်က အတည်ပြုခဲ့ပါတယ်။

EXO အဖွဲ့ရဲ့ အယ်လ်ဘမ်သစ်ဟာ ဇူလိုင်လ ၁၀ ရက်မှာ ထွက်ရှိမယ်လို့သိရပြီး EXO ရဲ့ သတ္တမမြောက် အယ်လ်ဘမ်လည်းဖြစ်ပါတယ်။

လတ်တလောမှာ EXO အဖွဲ့ဝင်တွေရဲ့ အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှုဟာ နောက်ဆုံးအပြီးသတ်လုပ်ဆောင်တဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်က Obsession အယ်လ်ဘမ် ထွက်ရှိပြီး လေးနှစ်အကြာမှာ ပထမဆုံး အယ်လ်ဘမ်ဖြစ်လာမှာ ဖြစ်ပါတယ်။

EXO အဖွဲ့ဝင်တွေဟာ အခု နှစ်အစကတည်းက သူတို့ရဲ့ Comeback အတွက် ပြင်ဆင်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလကစတင်ကာ စစ်မှုထမ်းနေတဲ့ Kai လည်း အယ်လ်ဘမ်မှာ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

ဧပြီလ ၈ ရက်က သူတိုရဲ့ ပရိသတ်တွေ့ဆုံပွဲအတွင်းမှာ သူတို့ဟာ မဖြန့်ချိရသေးတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Let Me In” ကို မိတ်ဆက်ခဲ့ပြီး သူတို့ရဲ့ Comeback အကြောင်းကို အရိပ်အမြွက်ပြခဲ့ပါသေးတယ်။

SM အင်တာတိန်းမန့်နဲ့ EXO အဖွဲ့ဝင် Chen၊ Baekhyun နဲ့ Xiumin တို့ဟာ လက်ရှိမှာ တရားရေးဆိုင်ရာ အငြင်းပွားမှုတွေရှိနေပြီး နှစ်ဖက်စလုံးက EXO ကို ထိခိုက်မှုမရှိစေဘဲ ဆက်လက်လုပ်ဆောင်စေလိုတယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ကြကာ အယ်လ်ဘမ်သစ်မှာ EXO အဖွဲ့ဝင်တွေအားလုံးကို အတူတကွတွေ့မြင်ရဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *