April 16, 2024

၈. ၆. ၂၀၂၃
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်း၊ ပြင်ဦးလွင်မြို့ပတ်လမ်း၊ ထိပ်တန်း ထမင်းဆိုင်အနီးတွင် မေလ ၈ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ကားပေါ်မှပြုတ်ကျ၍ ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ တင်ပို့ကုသစဥ် သေဆုံးသွားခဲ့ကြောင်း ပြင်ဦးလွင်အခြေစိုက် သန္တိသုခလူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ Canter အမျိုးအစားကျောင်းကြိုပို့ယာဥ်ပေါ်တွင် လိုက်ပါလာသော အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကားအနောက်ပိုင်း တံခါးဘောင်တန်းပေါ် တင်ပလွှဲထိုင်ရင်း ဖုန်းပြုတ်ကျသည်ကို လှမ်းကောက်ရာ ယာဥ်မောင်းမှ ကားကိုမောင်းထွက်စဥ် အနောက်သို့လန်ကာ ပြုတ်ကျခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူဒေသခံများ၏ ပြောပြချက်အား လူမှုကူညီရေးအသင်းမှ MT News သို့ ပြောသည်။

“ဦးခေါင်းနောက်စေ့ အပြင်းအထန် ဒဏ်ရာရထားတယ်။ ဆေးရုံရောက်ပြီး မိနစ်ပိုင်းအတွင်း ဆုံးတာပါ။ သေဆုံးသူက ပြင်ဦးလွင် ညံတော ရပ်ကွက်ကပါ”ဟု သန္တိသုခ လူမှုကူညီရေးအသင်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News