March 29, 2024

◾️ လမ်းအသစ်ခင်းပေးသွားတယ်လို့ ထင်ခဲ့ကြပေမဲ့ ကော်ဇောအပါးပေါ် ကတ္တရာအပါးခင်းသွားတယ်ဆိုတာ သိလိုက်ရလို့ အံ့အားသင့်ခဲ့ရတဲ့ အိန္ဒိယဒေသခံများက လမ်းခင်းပေးသည့်ကုမ္ပဏီကို အရေးယူပေးဖို့ တောင်းဆို

၈. ၆. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံ မဟာရက်ရှထရာပြည်နယ်က ဒေသခံတွေဟာ သူတို့အတွက် အသစ်ဖောက်ပေးခဲ့တဲ့လမ်းဟာ အမှန်တကယ်မှာတော့ ကော်ဇော်အပါးတစ်ခုပေါ်မှာ ကတ္တရာအနည်းငယ်သာ လောင်းထားတဲ့ အဖြစ်ကို တွေ့လိုက်ရတာကြောင့် အံ့အားသင့်ခဲ့ကြရပါတယ်။

အိန္ဒိယမီဒီယာ Lokmat Times ရဲ့အဆိုအရ မဟာရက်ရှထရာပြည်နယ် ဂျယ်နာခရိုင်ရှိ Karjat-Hast Pokhari ရွာက လူတွေဟာ သူတို့ရဲ့ ပျက်စီးနေတဲ့လမ်းတွေကို ပြန်ခင်းပေးဖို့ ရွေးကောက်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကို အချိန်အကြာကြီးတောင်းဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့လက သူတို့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးခံခဲ့ရပါတယ်။

ဒါပေမဲ့လည်း ပရောဂျက်တာဝန်ခံကုမ္ပဏီက လမ်းခင်းရာမှာ အလွန်ပါးလွှာတဲ့ ကော်ဇောလိုမျိုး ကင်းဗတ်စတစ်ခုပေါ်မှာ အလွန်ပါးလွှာတဲ့ ကတ္တရာအလွှာကို ခင်းထားခဲ့တာဖြစ်ပြီး ဒေသခံတွေက လုပ်ငန်းတာဝန်ယူထားတဲ့ အဆိုပါကုမ္ပဏီကို မကျေမနပ်ဖြစ်နေကြကာ ဝေဖန်ခဲ့ကြပါတယ်။

အဆိုပါ ပျက်စီးနေတဲ့လမ်းကို ကျေးလက်လမ်းတွေပြုပြင်ရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ခင်းခဲ့တာဖြစ်ပြီး လမ်းခင်းပေးတဲ့ကုမ္ပဏီအနေနဲ့ကတော့ အဆိုပါလမ်းကို နောက်ဆုံးပေါ် ဂျာမန်နည်းပညာကို အသုံးပြုခဲ့ပြီး ခင်းပေးခဲ့တာလို့ ဆိုခဲ့ပါတယ်။

ရွာသားတွေကတော့ ကန်ထရိုက်တာတွေ၊ လမ်းအင်ဂျင်နီယာတွေနဲ့ သက်ဆိုင်ရာဌာနတွေကို အရေးယူဖို့ တောင်းဆိုထားပြီး ကော်ဇောကို ဆွဲခွာလိုက်တာနဲ့ ကတ္တရာတွေ ကွာကျနေတဲ့ ဒီလမ်းဟာ တာရှည်ခံနိုင်ဖွယ်မရှိဘူးလို့လည်း ဆိုကြပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *