April 19, 2024

MT News

Written by Ye Kyaw

ဗဟိုဘဏ်က ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ (ငွေသား) တိုးမြှင့်ရောင်းချပေးမည်ဟု ကြေညာအပြီးနောက် ပြည်ပသွားမည့်သူတစ်ဦးလျှင် အသေးသုံးငွေကြေး သုံးစွဲနိုင်ရန် ‌ဒေါ်လာ ၃၀၀ မှ ၅၀၀ အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း ပြည်တွင်းဘဏ်အချို့က ကြေညာခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပသို့ သွား‌ရောက်မည့် ဝန်ထမ်းများ၊ ဆေးကုသမည့်လူနာများနှင့် ကျောင်းလခပေးချေရန် လိုအပ်သော ကျောင်းသား/ကျောင်းသူများနှင့် ပညာတော်သင်ကျောင်းသားများအတွက် တစ်ဦးလျှင် ‌ဒေါ်လာ ၃၀၀ မှ ၅၀၀ အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)တို့က ဇွန် ၅ ရက်တွင် ကြေညာထားသည်။

ပြည်တွင်းမှပြည်ပသို ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမှုအတွက် သွားရောက်မည့်သူများ၊ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အစီအစဉ်အရ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် ဘဏ်များ၏ ငွေလဲကောင်တာများတွင် အသေးသုံး နိုင်ငံခြားငွေများ တိုးမြှင့်ရောင်းချပေးရန်နှင့် နိုင်ငံတကာသုံးငွေပေးချေကတ်များဖြင့် သတ်မှတ်ပမာဏအတွင်း ရောင်းချရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *