April 29, 2024

(Photo- Ko Thet Ka)

၈. ၆. ၂၀၂၃
Written by Nay Moe

ကျောင်းသားခေါင်းဆောင်ဟောင်းအဖြစ်မှ တရားခံပြေးဖြစ်နေသူ ဒီငြိမ်းလင်းဖွဲ့စည်းသည့် STF PDF အဖွဲ့၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့သည့် သရုပ်ဆောင်/အဆိုတော် လီလီနိုင်ကျော်၏ စျာပနကို ယနေ့ပြုလုပ်ခဲ့သည်။

အဆိုတော်လီလီနိုင်ကျော်အား လုပ်ကြံရန် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ နှစ်ဦးကို မေလ ၂၅ ရက်တွင် ဓာတ်ပုံနှင့် အချက်အလက်များပေးပို့ခဲ့ရာ တရားခံနှစ်ဦးအနက် ကောင်းဇာနည်ဟိန်းက အဆိုတော်လီလီနိုင်ကျော်ကို မေလ ၃၀ ရက် ည ၇ နာရီခန့်တွင် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် အဆိုတော်လီလီနိုင်ကျော်မှာ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ရပြီး ပစ်ခတ်သူ ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ကို ဇွန်လ ၄ ရက်တွင် ဖမ်းမိပြီးနောက် ဇွန်လ ၆ ရက် နံနက် ၆ နာရီကျော်တွင် အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်ခဲ့ရာ ယနေ့ မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။

“တပ်မတော်ဆေးရုံထဲက ငြိမ်းအေးဇရပ်မှာပဲ မီးသင်္ဂြိုလ်လိုက်တာ” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသူကောင်းဇာနည်ဟိန်းက အဆိုပါလုပ်ကြံမှုကို ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော်၊ နွေနွေတို့က ခိုင်းစေကြောင်း၊ ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က အဆိုတော်လီလီနိုင်ကျော်၏ ဓာတ်ပုံ၊ နေအိမ်နှင့် သွားလာတတ်သည့် အချက်အလက်များပို့ပေးကာ လုပ်ကြံနိုင်၍ သုံးသိန်းပေးကြောင်း၊ STF (Special Task Force) အဖွဲ့ဝင် ၂၆ ဦးကို ရန်ကုန်တွင် တိုက်ခိုက်မှုများပြုလုပ်ရန် စေလွှတ်ထားကြောင်း စသည်ဖြင့် အသေးစိတ်ဖော်ထုတ်ခဲ့သည်။

ထို့ကြောင့် ကောင်းဇာနည်ဟိန်းက ထိုသို့ဖော်ထုတ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည့် ဇွန် ၆ ရက်တွင်ပင် ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးကျေးရွာနေ ကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အမဝမ်းကွဲ မဆောင်းသဇင်ဦးတို့ နှုတ်ပိတ်သ-တ်ဖြတ်ခံခဲ့ရပြီး အရွယ်မရောက်သေးသော ကောင်းဇာနည်ဟိန်း၏ ညီငယ်နှင့် ညီမငယ်ကိုမူ လုံခြုံရေးတာဝန်ရှိသူများက လုပ်ကြံမခံရရန်စောင့်ရှောက်ပေးထားသည်ဟု သတင်းများတွင် ဖော်ပြခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News