April 16, 2024

MT News

Written by Min Mahar

လက်ဖက်ရည်ဆိုင်မှ မုန့်ဝယ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦးအား PDF အဖွဲ့ဝင် ၄ ဦးက “ဒလန် သတင်းပေးသေဖို့သာပြင်”ဟုပြောကာ သေနတ်ဖြင့်နှစ်ချက် ပစ်သ-တ်ခဲ့မှု မြင်းခြံမြို့နယ်တွင် ဇွန်လ ၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၃ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦးသည် ၎င်း၏ နေအိမ်အနောက်ဘက်ရှိ “တော်ဝင်”လက်ဖက်ရည်ဆိုင်သို့ အီကြာကွေးနှင့် ပလာတာသွားရောက်ဝယ်ယူပြီး နေအိမ်သို့ပြန်လာခဲ့ရာ ခဏာတာလမ်းအတွင်း အနောက်မှ ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိအမျိုးသား ၄ ဦးက မျက်နှာတွင်ပုဝါများစီး၍ လိုက်ပါလာပြီး နေအိမ်ရှေ့အရောက်၌”ဒလန်သတင်းပေးသေဖို့သာပြင်”ဟုပြောကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး မြို့သာလမ်းအတိုင်း မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများပြောကြားမှုအရ သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ၎င်းအမျိုးသားသည် ဝဲဘက်နားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဂျိုင်းအောက်ကိုဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်းလည်း သိရသည်။

ယင်းအခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကာ အခင်းဖြစ်သည့်နေရာအနီး၌လည်း M-22 ကျည်ခွံ(၂)ခွံအားသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *