April 29, 2024

MT News

Written by Hey Mar

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်-မိုင်းဆတ်လမ်း ရွှေတောင်-ရွှေလီအဆင်းတွင် ဘိလပ်မြေတင်ဆောင်လာသော Faw ကားတစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ကျသွားခဲ့ရာမှ ယာဥ်မောင်းဖြစ်သူ သေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ဇွန်လ ၄ ရက် ညနေ ၄ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုးတာချီလိတ် ပရဟိတ အသင်းမှ သိရသည်။

ဖြစ်စဥ်ဖြစ်ပွားသည့်နေရာသို့ မြို့တွင်းရှိ ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းသွားရောက်ခဲ့ကြသော်လည်း ယာဉ်မောင်းအမျိုးသားတစ်ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးနေပြီဖြစ်​ကာ ချောက်ထဲမှ ရုပ်အလောင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ သယ်ယူခဲ့ကြောင်း သိရသည်။

၎င်းသေဆုံးသူ၏ ရုပ်အလောင်းအား စနစ်တကျ သယ်ဆောင်ခါ တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *