MT News

Written by Naing Thuta

မီးဖိုခန်းအတွင်းရှိမီးဖိုမှတစ်ဆင့် စပါးသိုလှောင်ထားသည့် စပါးကျီနံရံအား မီးစွဲရာမှ မီးလောင်ကျွမ်းမှု ရွှေဘိုမြို့တွင် ဇွန်လ ၄ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၄ ရက် မွန်းလွှဲ ၁၂ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်၊ ပိတောက်လမ်းသွယ်၌နေထိုင်သည့် အသက် ၄၂ နှစ်အရွယ်ရှိသော အမျိုးသမီး၏နေအိမ်တွင် မီးဖိုခန်းအတွင်းရှိမီးဖိုမှတစ်ဆင့် စပါးသိုလှောင်ထားသည့် အလျား ၁၆ ပေ၊ အနံ ၂၄ ပေခန့်ရှိသည့် စပါးကျီနံရံအားမီးစွဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပေါ်ဆန်းမွေးစပါး ၁၀ တင်းနှင့် စပါးကျီပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအေးမြင့် ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀၊ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ပတ်ဝန်းကျင်အနီးရှိ ပြည်သူ ၇၀ ခန့်တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၁၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင်အမျိုးသမီးအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *