April 18, 2024

Photo - Aung Naing San Facebook

၅. ၆. ၂၀၂၃

Written by Thettant

Facebook လူမှုကွန်ရက်တွင် အကြမ်းဖက်ရန် လှုံ့ဆော်မှုဖြင့် တေးရေး အောင်နိုင်စန်းကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

ဇွန်လ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်နေ အောင်နိုင်စန်း သည် ၎င်းအသုံးပြုသည့် “Aung Naing San” Facebook အကောင့်ဖြင့် အကြမ်းဖက်ရန် လှုံ့ဆော်မှုများကြောင့် ဖမ်းဆီးခဲ့သည်ဟု တရားဝင်အသိပေးထားသလို ၎င်းနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာနေ အာကာမင်းဦး(ခ)KG သည် ၎င်းအသုံးပြုသည့် “Akar Minn Oo” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၀၆)ရပ်ကွက်နေ မြင့်မောင်(ခ)ကိုနီသည် ၎င်းအသုံးပြုသည့် “Ko Ni” Facebook အကောင့်၊ မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်နေ မျိုးမင်းညီ(ခ)သူရသည် ၎င်းအသုံးပြုသည့် “Thura” Facebook အကောင့်နှင့် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်နေ ချစ်ဦးဝေသည် ၎င်းအသုံးပြုသည့် “Chit Oo Wai” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ် ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်ဟု ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း အဆိုတော်၊ တေးရေး အနုပညာရှင်နှစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး မေလ ၂၃ ရက်ကလည်း Facebook ပေါ် Live လွှင့်ဆဲဆိုခဲ့သည့် အဆိုတော်ဗျုဟာအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Photo – Aung Naing San Facebook

Leave a Reply

Your email address will not be published. Required fields are marked *