April 26, 2024

၁.၆. ၂၀၂၃
Written by Naing Thuta

၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ ၁ ရက်နေ့(ယနေ့တွင်) စတင်ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ ကျောင်းအသီးသီး၌လည်း ကျောင်းသား၊ ကျောင်းသူများသည်အေးချမ်းစွာဖြင့် စတင်တက်ရောက်နေကြောင်း သိရသည်။

” သမီးက ကိုဗစ်ကြောင့်ကျောင်းပိတ်ပြီးတည်းက ပြန်မတက်ဖြစ်ဘဲ အခုမှပြန်တက်ဖြစ်တာပါ။ ဘာလို့လဲဆိုတော့ ကိုဗစ်ဖြစ်ပြီး နိုင်ငံရေးထဖြစ်တော့ အိမ်ကမိဘတွေက စိုးရိမ်ကြပြီး ကျောင်းမတက်ခိုင်းလို့ပါ။ အဖေနဲ့အမေက မနှစ်ကကျောင်းတက်တဲ့အခြေအနေတွေကိုကြည့်ပြီး အေးချမ်းသွားလို့ ဒီနှစ်ပြန်ထားကြတာပါ။ ဒီနှစ်တော့ ပြန်တက်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ သမီးဆို ကျောင်းမတက်လိုက်ရတာ ၂ နှစ်ရှိသွားပြီ။ ပညာလိုအိုသည်မရှိဆိုတဲ့စကားအတိုင်း မရှက်ပါဘူး။ ကျောင်းပုံမှန်တက်ဖြစ်တဲ့သူငယ်ချင်းတွေက ရှစ်တန်းရောက်ကုန်လည်း ကိုယ့်ကိုအားမငယ်ဘူး။ မတက်ဖြစ်သေးတဲ့ သူငယ်ချင်းတွေကိုလည်း အမြန်ပြန်တက်စေချင်ပါတယ်။ မနှစ်ကထက်စာရင်တော့ ဒီနှစ်ကသူငယ်ချင်းတွေ တော်တော်များများကျောင်းပြန်တက်ကြတယ်” ဟု မန္တလေးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ခုမှ Grade – 6 ကျောင်းသူ မဆုနဒီမိုးက ပြောသည်။

ကျောင်းစတင်တက်ရောက်သူ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များမှပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *