MT News

Written by Pan Ei

နာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ Blackpink ရဲ့ ထိုင်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ဟာ မေလ ၃၁ ရက်မှာ မိသားစုနဲ့အတူ ထိုင်းနိုင်ငံက အယုဒ္ဓယဘုန်းတော်ကြီးကျောင်းမှာ သံဃာတော်တွေကို ဆက်ကပ်လှူဒါန်းမှုတွေနဲ့ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရိုးရာထဘီလေးနဲ့အတူ ကျက်သရေရှိလှတဲ့ Lisa ရဲ့ ပုံရိပ်တွေဟာ ထိုင်းနိုင်ငံက အင်တာနက်အသုံးပြုတွေကြားမှာတင်မကဘဲ မြန်မာနိုင်ငံက ပရိသတ်တွေကိုပါ ကြည်နူးမဆုံး ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် မေလ ၃၀ ရက်ကလည်း ဘန်ကောက်မြို့က ပန်းဈေးတစ်ခုမှာ မိခင်ဖြစ်သူ၊ အဒေါ်ဖြစ်သူတို့နဲ့ အတူ ပန်းတွေဝယ်ယူခဲ့ပြီး ဘန်ကောက်မြို့ထဲမှာ ရှော့ပင်းထွက်နေခဲ့တဲ့ Lisa ဟာ ကမ္ဘာကျော်အနုပညာရှင်တစ်ဦးဖြစ်ပေမဲ့လည်း ထိုင်းနိုင်ငံ ပြန်ရောက်တဲ့အခါမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာပြီး အနားယူနေတဲ့ ပုံစံတွေကြောင့် ပရိသတ်တွေက အချစ်ပိုခဲ့ကြရပါသေးတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ Blackpink အဖွဲ့ဟာ Born Pink ကမ္ဘာလှည့်ဖျော်ဖြေရေးပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ မေလ ၂၇ ရက်နဲ့ ၂၈ ရက်က ဖျော်ဖြေပွဲကျင်းပခဲ့ပြီး လာမယ့် ဇွန်လ ၃ ရက်နဲ့ ၄ ရက်မှာတော့ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ Buriram မြို့မှာ မွေးဖွားခဲ့ပြီး Blackpink အဖွဲ့ရဲ့ တစ်ဦးတည်းသော ထိုင်းအဖွဲ့ဝင်ဖြစ်တဲ့ Lisa ဟာ ဘန်ကောက်ဖျော်ဖြေပွဲပြီးနောက် အိုဆာကာဖျော်ဖြေပွဲမစမီကာလအတွင်း ဘန်ကောက်မြို့မှာ မိသားစုနဲ့အတူအနားယူနေတာပဲ ဖြစ်ပါတယ်။

Ref, Photo – Twitter

Leave a Reply

Your email address will not be published. Required fields are marked *