၂၉. ၅. ၂၀၂၃
Written by Min Mahar

ချမ်းအေးသာဇံမြို့နယ်ရှိ “ဦးဘသန်း” ကုန်စုံဆိုင်အား ယမန်နေ့ညက လူသ-တ်သမားသုံးဦးက ဝင်ရောက်ကာ အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်သ-တ်ပြီး ဖုန်း ၂ လုံးယူဆောင်သွားမှု မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ အကွက်(၈၁၈)၊ RC တိုက်၏ “ဦးဘသန်း”ကုန်စုံဆိုင်အား အမည်မသိအမျိုးသား ၃ ဦးက Click အမျိုးအစား(ဖြူလိမ္မော်ရောင်) ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ဦးတွင် သေနတ်အတို ၁ လက်၊ တစ်ဦးတွင်ဓားရှည် ၁ ချောင်းကိုင်ဆောင်၍ “အိမ်မှာလူဘယ်နှစ်ဦးရှိလဲ”ဟုမေးမြန်းကာ နေအိမ်အပေါ်ထပ်သို့ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးမှတက်သွားပြီး ဒုတိယထပ်တွင် ဘုရားရှိခိုးနေသည့် အမျိုးသမီးအားတွေ့ရှိ၍ ၎င်း၏ဖုန်းအားယူဆောင်သွားခဲ့သည်။

ထို့နောက် နေအိမ်တတိယထပ်သို့ ဆက်တက်သွားပြီး တတိယထပ်တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်အမျိုးသား(နတ်ဆရာ)၏ အခန်းအား ခြေထောက်ဖြင့်ကန်ဖွင့်၍ ၄င်းတို့ယူဆောင်လသည့် ပစ္စတိုသေနတ်ဖြင့် ၂ ချက်ပစ်ခဲ့ရာ ၁ ချက်မှာ ကျည်မထွက်ဘဲ နောက် ၁ ချက်ကျမှကျည်ထွက်ပြီး နတ်ဆရာဆိုသူ၏ ဝဲဘက်ရင်အုံအား ထိမှန်ခဲ့ကာ သေနတ်ဖြင့်ပစ်ခတ်သူသည် နေအိမ်အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ပြီး အဆိုပါနေအိမ်ရှိ နေအိမ်အောက်သို့ ပြန်ဆင်းသွားပြီး နေအိမ်အောက်ထပ်တွင် ရှိနေသည့် အမျိုးသားတစ်ဦး၏ ဖုန်းကိုပါယူဆောင်၍ ၆၂ လမ်းအတိုင်း တောင်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

” လူသ-တ်ခံရတဲ့ဆိုင်မှာ မောင်နှမသုံးယောက်ရှိပြီး အောက်ဆုံးထပ်မှာ အငယ်ဆုံးယောက်ကျားလေးရှိနေချိန်မှာ အိမ်မှာလူဘယ်နှစ်ဦးရှိလည်းမေးပြီး သူတို့ထဲကတစ်ဦးက ဒုတိယထပ်ကိုတက်သွားတယ်။ ဘုရားရှစ်ခိုးနေတဲ့ အလတ်မကိုမြင်တော့မအော်ခိုင်းဘဲ ပါးစပ်ပိတ်ထိုင်ခိုင်းပြီး သူ့ဖုန်းကိုအရင်ယူတယ်။ နောက်မှ တတိယထပ်ဖြစ်တဲ့ အပေါ်ဆုံးထပ်ကိုတက်ပြီး သူ့ညီမကို အကြီးဆုံးအကို အခုအသ-တ်ခံရတဲ့ နတ်ဆရာအခန်းကို လိုက်ပြခိုင်းတယ်တဲ့။ အခန်းတံခါးဖွင့်ခိုင်းတယ်။ အထဲကမဖွင့်ပေးလို့ ခြေထောက်နဲ့ကန်တာ ပွင့်သွားတော့ နတ်ဆရာကိုသေနတ်နဲ့ ၂ ချက်ပစ်တယ်။ ပထမအချက်မထိဘဲ နောက်အချက်မှ ရင်ဘတ်ကိုထိပြီး သေသွားတယ်လို့ ပြောတယ်။ အောက်ထပ်ကိုပြန်ဆင်းပြီး အငယ်ဆုံးကောင်ရဲ့ဖုန်းကိုပါ တောင်းပြီး ထွက်ပြေးသွားတယ်။ အဓိက သူတို့က နတ်ဆရာကို လာသ-တ်ကြတာဖြစ်မယ်။ ဖုန်းက သူတို့ကို သက်ဆိုင်ရာ ဖုန်းဆက်လှမ်းတိုင်မှာစိုးလို့ ယူသွားဖြစ်မယ်။ အချိန်ကြန့်ကြာအောင်လို့ ဖုန်းတွေကိုယူတာပဲဖြစ်မယ်”ဟု အသတ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောပြသည်။

အဆိုပါအခင်းဖြစ်ရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ သေဆုံးသွားသူအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြာင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *