April 26, 2024

MT News

Written by Min Mahar

မေလ ၂၄ ရက် မနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၏ ကျောင်းဝင်းအတွင်း၌ ဆေးပင်တူးဖော်ရာမှ လက်လုပ်သေနတ်များနှင့်အတူ အခြားဆက်စပ်ပစ္စည်းများ တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းရပ်ကွက်၊ ဆင်ဖြူချပ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမာလသည် မေလ ၂၄ ရက် မနက်ပိုင်းက ဆင်ဖြူချပ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဝေဘူတောင်တန်း အောက်ခြေချိုင့်အတွင်း၌ တောရှောက်မြစ်ဆေးပင်တူးဖော်ရာမှ ဒိုင်းကာချပ် တစ်ခု တွေ့ရှိခဲ့သည်ဟု သက်ဆိုင်ရာကိုအကြောင်းကြား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဆက်လက်တူးဖော်ခဲ့ရာ လက်လုပ်သေနတ်များနှင့်အတူ အခြားဆက်စပ်ပစ္စည်းများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒိုင်းကာချပ်တွေ့သည့်ချိုင့်အား ဆက်လက်တူးဖော်ခဲ့ရာမှ ဒိုင်းကာချပ် ၂၇ ချပ်၊ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်သေနတ် ၁၄ လက်၊ သံဖြင့်ပြုလုပ်ထားသောလက်လုပ်သေနတ် ၃ လက်၊ အနက်ရောင်ဖိုင်ဘာဦးထုပ် ၃၄ လုံး၊ လည်တိုဖိနပ် ၃၅ ရံ၊ မီးသတ်ဆေးဗူး ၂၁ ဗူး၊ ရဲအင်္ကျီ ၂ ထည်၊ ကော်ပုံးဝါ ၂ ပုံး၊ မျက်မှန် ၁၁၀ ခု၊ ဓာတ်ငွေ့ကာမျက်မှန် ၁၀၁ ခု၊ လက်အိတ် ၅၀၊ ဂက်စ်ဗူး ၁၁ ဗူး၊ ကျည်ကာအင်္ကျီ ၈၉ ထည်၊ ကျည်ကာပုံလောင်း အလိပ် ၂ ခု၊ ကျည်ကာပြားပုံလောင်း ပုံစံခွက် ၁၂ ခု၊ ကျည်ကာပြား ၁၉ ချပ်၊ သံဘောစေ့တစ်ထုပ်လျင် အလုံး ၅၀ ပါ ၁၇၅ ထုပ်၊ စုစုပေါင်း ၁၇ မျိုးကို တူးဖော်တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *