၂၆. ၅. ၂၀၂၃
Written By Thandar

တေးရေး တေးဆို ဗျူဟာ ကွယ်လွန်တယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ်  မိသားစုဝင်တစ်ဦးက မသေချာသေးဘူးလို့ ပြောပါတယ်။

ဒီနေ့ ‌မေလ ၂၆ ရက် နံနက် ၄ နာရီမှာ အဆိုတော် ဗျူဟာ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ သူဟာ မေလ ၂၃ ရက် ညပိုင်းက ရန်ကုန်မြို့ မီးပျက်တာနဲ့ ပတ်သက်ပြီး Live လွှင့် ဝေဖန်ဆဲဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

“ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတန်းနဲ့ပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ ကောင်တွေ” လို့ ပြောဆိုခဲ့သလို “မီးပျက်လို့ ဆဲတယ်ကွာ” ဆိုပြီး သူ့ Live မှာ သူနေထိုင်ရာ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဗထူးအိမ်ရာဆိုပြီးတော့ တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ တေးရေး နိုင်မြန်မာရဲ့ သားလည်းဖြစ်ပြီး တချို့က အဆိုတော်ဗျူဟာ သေသွားပြီးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ်  ပရိသတ်တွေ တော်တော်များများ စိတ်မကောင်းဖြစ်မိတယ်လို့ Comment ပေးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News