April 26, 2024

၂၆. ၅. ၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်တွင် ယမန်နေ့ မေလ ၂၅ ရက် ည ၁၁ နာရီဝန်းကျင်အချိန်ခန့်က အရှိန်လွန်မောင်းနှင်မှုကြောင့် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ရွှေရုပ်လွှာ ပရဟိတအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ အသက်၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးတည်းစီးနင်းမောင်းနှင်ပြီး ဗဟိုဈေးမီးပွိုင့်ဘက်မှ လာကာ ပါရမီမီးပွိုင့်ဘက်သို့ သွားသည့် Toyota Verossa အဖြူရောင်ယာဥ်သည် ကိုရီယား အင်တာနေရှင်နယ်ကော်ပိုရေးရှင်း အရှေ့မှ လမ်းလည်ကျွန်းသစ်ပင် ၅ ပင်အား ဝင်တိုက်ကာ တခြားလမ်းဘက်အခြမ်းဘေးအထိ လွင့်ထွက်ကာ ပက်လက်လန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ထားချက်က ရုပ်ရှင်ထဲကအတိုင်း လမ်းလယ်ကျွန်းက သစ်ပင် ၅ ပင် ပြတ်ထွက်သွားတဲ့အရှိန် ဒီဘက်လမ်းကနေ ဟိုဘက်လမ်းအထိ ရောက်ပြီး ပက်လက်လန်သွားတဲ့ အရှိန်။ ကားတစီးလုံး ရစရာမရှိအောင်ဖြစ်သွားတာ။ ရှေ့ခန်းတစ်ခန်းလုံး ပျက်စီးတာရစရာမရှိဘူး။ အင်ဂျင်တွေလည်း ကွဲတယ်။ဘီးတွေလည်း ခွင်ကုန်တယ်။ လူကိုတော့ မြောက်ဥက္ကလာပဆေးရုံကြီးဆီ ပို့လိုက်နိုင်တယ်။ ပွန်းပဲ့ ပေါက်ပြဲ ကွဲတဲ့ဒဏ်ရာတွေရပေမယ့် ကံကောင်းတာက ကြီးကြီးမားမားမဖြစ်သွားပါဘူး”ဟု ရွှေရုပ်လွှာ ပရဟိတလူမှုကူညီရေးအသင်းမှ ကိုရွှေမိုးအောင်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *