April 27, 2024

၂၅. ၅. ၂၀၂၃
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း၊ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်၌ Canter ကားတစ်စီးမှ ကုန်ကားကို အနောက်မှဝင်တိုက်သဖြင့် Canter ယာဥ်မောင်း ခြေထောက်နှစ်ချောင်းကျိုးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း အုတ်တွင်းမြို့နယ်အခြေစိုက် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ သိရသည်။

ယနေ့ မေလ ၂၅ ရက် နေ့လည် ၁ နာရီခန့်တွင် အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာထိပ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ရန်ကုန်မှ ရွှေညောင်မြို့သို့ ပြန်မည့် Canter ကားမှ ယာဥ်မောင်းမှာ အိပ်ငိုက်ပြီး လမ်းဘေးထိုးကျသည်ကို လမ်းပေါ်သို့ဆွဲယူ ပြန်တက်စဥ် ရှေ့မှကုန်ကားအား အရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်မိသည့် Canter ယာဥ်မှ ယာဥ်နောက်လိုက်၏ ပြောပြမှုအား ရင်ခုန်သံရှင်ရေးကူညီမှု ပရဟိတအသင်းမှ တာဝန်ရှိသူက MT News သို့ တစ်ဆင့်ပြောသည်။

အဆိုပါ ပရိတအသင်းမှ တာဝန်ရှိသူက “ယာဥ်နောက်လိုက်ကတော့ ကားက လမ်းဘေးဆွဲကျသွားပြီး တိုက်မိမလိုတွေဖြစ်ကတည်းက သူက ခုန်ချလိုက်တာမို့ ကြီးကြီးမားမားမထိဘူး။ ယာဥ်မောင်းကတော့ ခြေထောက် ၂ချောင်းကားထဲမှာညပ်ပြီး သွင်သွင်ကျိုးသွားတာ။ အခြေအနေက သတိရှိနေသေးပေမယ့် ခြေထောက်တွေကတော့ အတော်ဆိုးသွားတာ” ဟု ဆိုသည်။

ကားခေါင်းခန်းတွင် ညပ်မိနေသည့်ယာဉ်မောင်းအား ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းမှ တောင်ငူဆေးရုံကြီးသို့ အချိန်မီ ကူညီပို့ဆောင်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *