April 18, 2024

၂၅. ၅. ၂၀၂၃

Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ သခင်မြပန်းခြံအတွင်း၌ ယနေ့ မေလ ၂၅ ရက်တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၀ နာရီခွဲခန့်က သခင်မြပန်းခြံအတွင်းရှိ ရေတမာပင်၊ ပန်းခြံမြက်ခင်းပြင်နှင့် အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက်သုံးလုံးကို မသင်္ကာဖွယ်တွေ့​ရှိမှုအရ ပန်းခြံအတွင်းရှိ ပြည်သူများကို အသွားအလာကန့်သတ်စဥ် နံနက် ၁၁ နာရီခန့်တွင် ရေတမာပင်အောက်နှင့် မြက်ခင်းပြင်ရှိ ကြွပ်ကြွပ်အိတ်များအတွင်းမှ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လုံခြုံရေးတပ်ဖွဲ့က စစ်ဖို့ရောက်လာချိန်မှာပဲ ဗုံးကနှစ်လုံးဆင့်ပေါက်သွားတာ။ ကံကောင်းတာက အိတ်တွေ စတွေ့ကတည်းက လူတွေက ဝေးရာပြေးကြတော့ ထိခိုက်သူတော့ မရှိလိုက်ဘူး။ ကျွန်တော်က ၅၆ (YBS-56) ပေါ်ကနေ ကြည့်နေတာ။ ပေါက်ကွဲသံကတော့ တော်တော့်ကိုကျယ်တာ။ နားပါအခုထိအူနေတုန်း” ဟု အဆိုပါဖြစ်စဥ်ကို မြင်သိခဲ့သူတစ်ဦးက MT News သို့ ပြောသည်။

ထိုဗုံးနှစ်လုံးဆင့်ပေါက်ကွဲမှုကြောင့် လူအထိအခိုက်မရှိကြောင်းသိရပြီး လက်ရှိအချိန်အထိ အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးနေသည်ဟုလည်း သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *