April 25, 2024

၂၅. ၅. ၂၀၂၃
Writtrn by Pan Ei

The Flash ဒါရိုက်တာ Andy Muschietti ဟာ ဆယ်စုနှစ်များစွာအတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာမှ နောက်လမှာရုံတင်တော့မယ့် The Flash ထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး Cameo ဇာတ်ကောင်တစ်ခု ပါဝင်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Esquire Middle East နဲ့ အင်တာဗျူးမှာ The Flash ရဲ့ ဒါရိုက်တာ Andy Muschietti က Nicolas Cage ဟာ The Flash ထဲမှာ Superman အဖြစ် Cameo ဇာတ်ကောင်အနေနဲ့ ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

Superman အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ရုပ်ပြစာအုပ်တွေကို အရူးအမူးစွဲလန်းသူဖြစ်တဲ့ Nicolas Cage ဟာ Superman အဖြစ် ရုပ်ရှင်ထဲမှာပါဝင်လာမယ့်အကြောင်းကို ဒါရိုက်တာ Andy Muschietti က “Nic က လုံးဝကို အံ့သြစရာကောင်းပါတယ်။ ဇာတ်ရုပ်က Cameo ပဲဆိုပေမယ့် သူနဲ့ တွဲလုပ်ဖို့ တစ်သက်လုံး အိပ်မက်မက်ခဲ့တယ်။ နောက်မကြာခင်မှာလည်း သူနဲ့ အလုပ်ပြန်တွဲလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Nicolas Cage ရဲ့ ပရိသတ်တွေက သူ့ရဲ့ Superman ဇာတ်ကောင်ကို ချစ်တဲ့စိတ်က နက်နက်ရှိုင်းရှိုင်းရှိတယ်ဆိုတာ သိကြပြီး Nicolas Cage ဟာ ၁၉၉၇ ခုနှစ်က ရိုက်ကူးဖို့စီစဉ်ခဲ့ပြီး မဖြစ်မြောက်ခဲ့တဲ့ ဒါရိုက်တာ Burton ရဲ့ Superman Lives ဇာတ်ကားမှာ Superman ဇာတ်ကောင်အတွက် ရွေးချယ်ခံခဲ့ရဖူးပါတယ်။

Nicolas Cage ရဲ့ DC Universe ကို ဝင်ရောက်ဖို့ ဆန္ဒဟာ ၂၅ နှစ်ကြာ စောင့်ဆိုင်းမှုအပြီးမှာတော့ ဖြစ်မြောက်ခဲ့ပြီဖြစ်ပြီး Warner Bros က ထုတ်လုပ်ထားတဲ့ The Flash ကို ဇွန် ၁၆ ရက်မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref; Variety

Leave a Reply

Your email address will not be published. Required fields are marked *