MT News
Writtten by Nyein Kyaw
တစ်ဒေါ်လာ ၂,၀၅၀ အထိ မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်း မေလ ၁၉ ရက်တွင် ဒေါ်လာ ၁,၉၇၀ အောက်အထိ ပြန်လည်ကျဆင်းလာခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းလာခြင်းမရှိဘဲ ယခုတစ်ပတ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၂၀,၀၀၀ အထက်၌ပင် ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
မေလဆန်းပိုင်းတွင် ဒေါ်လာ ၂,၀၅၀ အထိမြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းသည် မေလ ၁၇ ရက်တွင် ဒေါ်လာ ၂,၀၀၀ အောက်သို့ စတင်ကျဆင်းလာခဲ့ပြီး မေလ ၁၉ ရက်(ယနေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၁,၉၆၅ အထိပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေး ကျဆင်းမှုမရှိဘဲ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၂၂,၀၀၀ အထိ ဖြစ်ပေါ်လျက်ရှိသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၃,၀၂၄,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၀ ကျပ်၊ မေလ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၂ ကျပ်၊ မေလ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၂,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
