၁၆. ၅. ၂၀၂၃
Written By Thandar

မကြာခဏဆိုသလို အလှမယ်ပြိုင်ပွဲတွေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မော်ဒယ် စီနီယာအလှမယ် ယမုံဟာဆိုရင် Miss Grand Chin Land 2024 ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်နေလျှက်ရှိပါတယ်။

သူမ ဝင်ရောက်ယှဥ်ပြိုင်ထားခဲ့တဲ့ အလှမယ်ပြိုင်ပွဲတွေမှာ Miss Crown 2017 Winner ဆု ၊ Miss Myanmar World 2018 – 2nd runner up ဆု ၊ Miss Myanmar International 2019 – 2nd runner up ဆု ၊ Miss Universe Myanmar 2022 – 1st runner up ဆု နဲ့ Miss TMT 2023 – Top 11 စတဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်။

Miss Grand Chin Land 2024 Final ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Miss Grand Myanmar 2024 အလှမယ် ယမုံက Miss Grand International 2023 ပြိုင်ပွဲကိုလည်း လေ့လာသူအနေနဲ့ တက်ရောက်ရမယ်လို့ သိရပါတယ်။ စီနီယာအလှမယ်ယမုံက လက်ရှိ အစာအိမ်ပြန်ယောင်နေလို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

“Miss Grand Myanmar 2024 ပြိုင်ပွဲအတွက် မြို့နယ်အလိုက် ကိုယ်စားပြုအလှမယ်တွေကို ရွေးချယ်နေတာဖြစ်ပါတယ်။ တစ်နှစ်လောက်စောပြီး အချိန်ယူကျင်းပနေတဲ့ Miss Grand Myanmar 2024 ပြိုင်ပွဲဟာ ပြိုင်ပွဲဝင်တွေအတွက် အများကြီးစိန်ခေါ်မှုရှိပြီး အပြင်းအထန်ယှဥ်ပြိုင်ရမယ့် ပွဲတစ်ပွဲဖြစ်မယ်”လို့ National Director ကိုထူးအံ့လွင်က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *