၁၃. ၅. ၂၀၂၃
Written By Thandar

လတ်တလော အံ့ထူးထက်ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုရရှိနေတဲ့ သရုပ်ဆောင်ကျော်ထက်အောင်က လူမှုကွန်ရက်မှာ အလှောင်ခံနေရတဲ့ ဝတ်ပုံစားပုံနဲ့ Tiktok ပုံရိပ်တွေကို ဝေဖန်နေတဲ့အပေါ် သူဟာ အပြင်မှာလည်း ပေါတောတောပါလို့ ဖွင့်ဟလိုက်ပါတယ်။

လူမှုကွန်ရက်မှာ မေလ ၁၂ ရက်ကစပြီး ကျော်ထက်အောင်ရဲ့ ဝတ်ပုံစားပုံနဲ့ Tik Tok က သရုပ်ဆောင်ပုံရိပ်တွေကို လှောင်ပြောင်ဝေဖန်သူများလာတဲ့အချိန်မှာ ကျော်ထက်အောင်က ဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ သရုပ်ဆောင်ထားတဲ့ Talent ကို ခုမှတွေ့ကြတာလည်း ပါတယ်။ များသောအားဖြင့် ရုံကြီးကားတွေ ရိုက်ဖြစ်တာများတယ်။ ဒီကြားထဲ အနုပညာတွေ ဆက်တိုက်မတွေ့ကြရတော့ ပရိသတ်နဲ့ အလှမ်းဝေးသလို ဖြစ်သွားတယ်။ ပရိသတ်ကသိတာ Host အနေနဲ့ပဲ သိပြီးတော့ သရုပ်ဆောင်မှာ ဒီဇာတ်လမ်းမှ သိသွားကြတယ်။ စိန်ဧကရီနဲ့လည်း Tik Tok တွေထပ်ဆော့ပါဦးမယ်။ ၂၀၁၉ မတိုင်ခင်ကတည်းက Tik Tok က ကစားထားတာပါ။ အဲဒါ ဆော့ထားတာလည်း ကြာပါပြီ။ အကုန်လုံးက ကျွန်တော့်ရဲ့ တည်တဲ့ပုံစံကိုပဲ မြင်ဖူးကြတာလေ ဒီလို Funny ဖြစ်တဲ့ပုံကို မမြင်ဖူးကြဘူး။ ခင်တဲ့ အမတွေဆိုရင်တော့ သိပါတယ်။ အပြင်မှာ ကျွန်တော်က ဒီလို ပေါတောတောပဲဆိုတာ”လို့ သရုပ်ဆောင် ကျော်ထက်အောင်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိပေါက်နေတဲ့ အိမ်ထောင်ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး စိန်ဧကရီ စိန်ဆိုင်ရဲ့ ကျေးဇူးတုံ့ပြန်ငွေ ကျပ်သိန်း ၃၀၀ ဖိုး ကံစမ်းမဲ ချီးမြှင့်ပေးပွဲမှာလည်း သရုပ်‌ဆောင် ကျော်ထက်အောင်က “ကျွန်တော်တို့ အိမ်ထောင်ရဲ့ ဇာတ်ညွှန်းလေး စပြီး လက်ထဲရတော့ အပြင်မှာ ဒီလိုမျိုးလေးဖြစ်ဖူးတယ် သိထားပြီးသားပါ။ တကယ် ကာယကံရှင်တွေ့ရတော့ တကယ်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့ရဲ့ The Marriage Group Chat မှာ ပြောဖြစ်ကြတဲ့ စိတ်မကောင်းဖြစ်ကြရတာပေါ့။ သူရဲ့ Realistic တူးဖော်တာ တွေ့ရတော့ တော်တော့်ကို ဝမ်းနည်းမိပါတယ်”လို့ ပြောခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *