၁. ၅. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် မရေရာ မသေချာမှုများနှင့် မတရားမှုများသည် ယခင်အချိန်ကထက် ပိုမိုဆိုးရွားများပြားလာကြောင်း ILO ကြားရေးမှူးချုပ် Gilbert A Houngbo က မေလ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် မြန်မာအလုပ်သမားများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာအလုပ်သမားများစွာနှင့် ၎င်းတို့၏မိသားစုများသည် အကျပ်အတည်းအခက်အခဲများတွင် ဆက်လက်ရှင်သန်နေထိုင်ကြရပြီး၊ စီးပွားရေးလုပ်ငန်းအများအပြား၏ အသက်မွေးဝမ်းကျောင်းမှုသည်လည်း ခြိမ်းခြောက်ခံနေရသည့် အခြေနေတွင်ရှိနေကြောင်း ILO က ဆိုသည်။

လက်ရှိအချိန်တွင် အလုပ်သမားအခွင့်အရေးအားလုံးကို လေးစားလိုက်နာခြင်းသည် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ သက်သာချောင်ချိရေးနှင့် ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေးအတွက် ယခင်အချိန်ကာလများထက် ပိုမိုအရေးကြီးကြောင်း၊ အကြမ်းဖက်မှု၊ မတရားမှု၊ ခြိမ်းခြောက်မှုနှင့် လက်စားချေမှုများကင်းစင်သည့် ဒီမိုက‌ရေစီပတ်ဝန်း ကျင်တွင် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အခြေခံအလုပ်သမားအခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိရေးသည်လည်း အဓိကကျကြောင်း ILO က ဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ရေးနှင့် အခြေခံအခွင့်အ‌ရေးများကို လေးစားလိုက်နာရန် ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၏ ဆုံးဖြတ်ချက်နှင့် ILO အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် ပံ့ပိုးကူညီမှုများကို တိုးမြှင့်ဆောင်ရွက်ရန်အရေးကြီးကြောင်း Gilbert A Houngbo က ပြောသည်။

Ref —ILO

Leave a Reply

Your email address will not be published. Required fields are marked *