၁. ၅. ၂၀၂၃
Written by Nay Moe

တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်း စစ်ဒေသ(၃) ကယားတပ်ရင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂)တပ်ရင်းတွင် တပ်စိပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ရဲဘော်မျိုးမြင့်မြတ် ၊ ကိုယ်ပိုင်အမှတ်(P3-1102046) သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ ည ၁၁ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း ဒီးမော့ဆို (၁၁၀၂) တပ်ရင်းက ယမန်နေ့တွင် အမိန့်ပြန်တမ်းဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ရဲဘော်မျိုးမြင့်မြတ်၏ ဈာပနအခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာတို့၏ အစဉ်အလာနှင့်အညီ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရေစက်ချအမျှဝေတရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။

ရဲဘော်မျိုးမြင့်မြတ်သည် အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂)တပ်ရင်းတွင် ကျရာတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်ပြီး တာဝန်ကျေပွန်သော ရဲဘော်တစ်ဦးဖြစ်သည့်အလျှောက် များစွာယူကြုံးမရဖြစ်ရသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *