MT News

Written By Thandar

အနုပညာရှင်ကြီး ဟာသသရုပ်ဆောင် လူရွှင်တော်ဦးဝင်းနိုင်(အနုပညာ) ရဲ့နောက်ဆုံးခရီးစျာပနကို ဧပြီလ ၂၉ ရက် ညနေ ၅နာရီခွဲက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့ပါတယ်။

သူဟာ အိုမင်းမစွမ်းချိန် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ မှီခိုနေထိုင်ရင်း အသက် ၇၄ နှစ်အရွယ်မှာ ၉၆ ပါးရောဂါနဲ့ ဧပြီ ၂၉ ရက်နေ့ မနက် ၆နာရီခွဲက ဘဝတစ်ပါးကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဦးဝင်းနိုင်ရဲ့ နာရေးနောက်ဆုံးခရီးကို ကျန်ရစ်သူမိသားစု ၊ အကယ်ဒမီလူမင်းတို့ ဇနီးမောင်နှံ ၊ ဦးအောင်ခိုင်တို့ဇနီး‌မောင်နှံအပြင် အနုပညာရှင်များစွာနဲ့ သားတပည့်ဖြစ်တဲ့ လူရွှင်တော်အဖွဲ့တွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *