၁. ၅. ၂၀၂၃
Written by Hey Mar

နေပြည်တော် ဇေယျာသီရိမြို့နယ်အပိုင် ဒိုးပင်ကုန်းကျေးရွာအနီးတွင် လမ်းကြိတ်စက်အား ဆိုင်ကယ်တစ်စီးမှ အနောက်ကဝင်တိုက်ရာ ဆိုင်ကယ်စီးနင်းလာသူ နေရာတွင် သေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု ယမန့်နေ့ ဧပြီလ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်အခြေစိုက်ပရဟိတအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ ဒိုးပင်ကုန်းတံတား ကုန်းတက်အနီးတွင် တဖြည်းဖြည်းမောင်းနှင်နေသည့် လမ်းကြိတ်စက်အား အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးတည်းစီးနင်းလာသည့် ဆိုင်ကယ်က အနောက်မှ အရှိန်ဖြင့် ဝင်တိုက်ကြောင်း သိရသည်။

“ဆိုင်ကယ်သမားက သောက်စားထားပုံရတယ်။ အရှိန်လည်းအတော်ပြင်းတော့ နေရာတင်သေတယ်။ သက်ဆိုင်ရာက ရုပ်အလောင်းလာရောက်သယ်ဆောင်ပေးဖို့ အကူအညီတောင်းလို့ ကျွန်တော်သွားပြီး စစ်ဆေးရုံ ရင်ခွဲရုံကို ပို့ပေးခဲ့တယ်”ဟု နေပြည်တော်အခြေစိုက်ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဥ်တွင် ဆိုင်ကယ်စီးနင်းသူသေဆုံးခဲ့သော်လည်း အတူပါလာသည့် အမျိုးသမီးနှင့် သားငယ်မှာ အနည်းငယ်သာထိခိုက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *