MT News

Written By Thandar

မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D Background နဲ့ အမြင်ကို လှည့်စားထားတဲ့ ပြတိုက်ငယ် Snap 3D Trick Eye Museum ဖွင့်ပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Time City ရှိ Mega Ace Cineplex မှာ ကျင်းပခဲ့ပါတယ်။

“မိသားစုတွေ ချစ်သူစုံတွဲတွေ ကလေးတွေအတွက် 3D Art ပုံလှလှလေး ရိုက်ပြီး စိတ်အပန်းဖြေလို့ရအောင် ပြခန်းငယ်လေးက အနုပညာလက်ရာ ခံစားလို့ရအောင် ရည်ရွယ်ပြီးတော့ ပထမဦးဆုံး ဖွင့်လှစ်ထားတာပါ။ ဒီနေရာက လက်တွေ့ရောက်ဖို့မလွယ်ကူတဲ့ ထူးခြားဆန်းပြားတဲ့ နေရာလေးတွေကို ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားရစေချင်လို့ Photo Booth ပေါင်း ၁၄ ခုထည့်သွင်းထားပါတယ်။ ဥပမာ- တောကြီးရောက်သွားရင် ရေတံခွန် ချောက်အနက်ကြီးတွေရှိမယ်။ ငှက်ကြီးတွေ မှိုကြီးနဲ့ တွဲရိုက်တာတွေထည့်ပေးထားတယ်။ တရုတ် ၊ ဂျပန် ၊ ကိုရီးယား Booth တွေမှာ သူတို့တွေရဲ့ ရိုးရာဝတ်စုံလေးတွေဝတ်ပြီး စိတ်ကြိုက်ရိုက်ကူးလို့ရအောင် အချိန် ၄၅ မိနစ် သတ်မှတ်ပေးထားပါတယ်”လို့ Operation Head မထူးထူးက MT News ကိုပြောပါတယ်။

အဆိုပါ Snap 3D Trick Eye Museum မှာ ဆန်းပြားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကို ရောက်သွားတဲ့အတိုင်း ခံစားရမယ့် ဓာတ်ပုံ‌တွေ ၊ ဂျပန် ၊ တရုတ်၊ ကိုရီးယားအပြင် အာကာသ၊ သမုဒ္ဒရာ၊ မီးတောင် နေရာအစုံ ရောက်သွားနိုင်မယ့် ဓာတ်ပုံတွေကို Snap 3D Trick Eye Museum နေရာတစ်ခုတည်းမှာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Snap Trick Eye Museum ဝန်ဆောင်မှုအ‌နေနဲ့ လက်မှတ်ဝယ်ယူပြီး အလှဓာတ်ပုံရိုက်ဖို့အတွက် ရိုးရာဝတ်စုံဖိုးအပါ လက်မှတ်နှုန်း ကျပ် ၈၀၀၀ သတ်မှတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *