Photo News

MT News

မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ကျန်းမာရေးအခြေအနေများအား SAC ဥက္ကဋ္ဌ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ဘုရားကြီးထံ ဖူးမြော်ရာတွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးနေမှု အခြေအနေများ နှင့် အနယ်နယ်အရပ်ရပ်မှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များက လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည့် အခြေအနေများနှင့် “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဆိုင်ရာ အခမ်းအနားများကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည့် အခြေ အနေများ၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေ ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများနှင့် ဆရာတော်ဘုရားကြီးတို့၏ ဦးဆောင်မှုဖြင့် သံဃအဖွဲ့အစည်းသည်လည်း မှန်ကန်စွာရပ်တည်လျက်ရှိသည့် အခြေအနေများကို လျှောက်ထားတင်ပြီး ဆရာတော်ဘုရားကြီးထံမှ ဩဝါဒကိုခံယူခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *