April 25, 2024

ဂျိမ်းစ်ဂေါ့စ်မျက်နှာရှိ ဥမင်လိုဏ်ခေါင်းဝသဖွယ်အပေါက်များကို တွေ့ရစဉ်

၂၉.၄.၂၀၂၃.
Translated by Htwe Ko Tun

မျက်နှာပေါ်တွင် အသားကိုအပေါက်များဖောက်၍ ဥမင်လိုဏ်ခေါင်းအဝများသဖွယ် ပြုလုပ်ကြမှုကို ထူးထူးကဲကဲဝါသနာပါသူတစ်ဦးဖြစ်သည့် ဗြိတိန်နိုင်ငံသားတစ်ဦးက ၎င်း၏မျက်နှာပေါ်တွင် အသားကိုဖောက်ထားသည့် လိုဏ်ခေါင်းပေါက်များကို ၁၇ ခုအထိ တိုးတက်ပြုလုပ်ခဲ့ကာ ကမ္ဘာ့ဂင်းနစ်စံချိန်သစ် တင်လိုက်နိုင်ကြောင်း သိရသည်။

ဂျိမ်းစ်ဂေါ့စ်ဟုခေါ်သော အဆိုပါဗြိတိန်နိုင်ငံသားက ၂၀၂၀ ပြည့်နှစ်တွင် မျက်နှာပေါ်၌ အသားကိုဖောက်ထားသည့် လိုဏ်ခေါင်းပေါက်များသဖွယ် အပေါက်များကို ၁၄ ခုအထိ ပြုလုပ်စံချိန်တင်ခဲ့သည်။ တဖန် ၂၀၂၂ ခုနှစ်တွင် ၁၅ ခုအထိတိုးတက်ပြုလုပ်ကာ စံချိန်တင်ခဲ့ပြန်သည်။ ယခုအချိန်တွင် မူ ၁၇ ခုအထိ တိုးတက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂျိမ်းစ်ဂေါ့စ်က ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်သို့ “ကျွန်တော့်အတွက်တော့ အခြားလူတွေက ဘယ်လိုပဲထင်မြင်ချက်တွေပေးပေး ကျွန်တော်ဆောင်ရွက်လိုတာကို ပိုပြီးဖြည့်စွမ်းဆောင်ရွက်နိုင်တယ်လို့ပဲခံ စားမိတယ်။ ဒီ့ပြင်လူတွေအကြိုက် ကျွန်တော့်လုပ်ဆောင်မှုကို ပြောင်းလဲမှာမဟုတ်ဘူး၊ ကျွန်တော် ဘယ်လိုလမ်းကြောင်းနဲ့ ဆောင်ရွက်ဖို့သင့်တော်လည်းရှာဖွေပြီး ကျွန်တော့်စွမ်းဆောင်နိုင်မှုကို အသုံးချသွားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။

ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်က ဂိုစ်၏မျက်နှာပြင်ပေါ်ရှိ အသားကိုဖောက်ထားသော ဥမင်လိုဏ်ခေါင်းအဝများသဖွယ် အပေါက်များကိုတိုင်းတာရာတွင် စံချိန်ဝင်ရန် တစ်ခုစီက အနည်းဆုံး သုည ဒသမ ၁၁ လက်မရှိရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

Ref——UPI

Leave a Reply

Your email address will not be published. Required fields are marked *