MT News

Written by Nay Moe

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှအရာရှိ(လျှပ်စစ်မှူး) ဦးကျော်စံလင်းကို ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် NUG ဩဇာခံ ဖြူးမြို့နယ်ပကဖ (ဗိုလ်ကြီးကျားကြီးအဖွဲ့) က ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု Bago Region PDF က ယမန်နေ့ညတွင် အတည်ပြုထားသည်။

ကညွတ်ကွင်းမြို့နယ် လျှပ်စစ်မှူးဦးကျော်စံလင်းကို ကျောက်တံခါးမြို့နယ်မှအပြန် ကညွတ်ကွင်းမြို့၊ တောင်ဂုံးတဲကျေးရွာအနီးတွင် ဗိုလ်ကျားကြီးအဖွဲ့က သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့၍ ဦးကျော်စံလင်းမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟုလည်း Bago Region PDF က ထုတ်ပြန်မှုအရ သိရသည်။

ကညွတ်ကွင်းမြို့ လျှပ်စစ်မှူးဦးကျော်စံလင်းသည် မီတာခမဆောင်သူများကို မီတာများ အတင်းအကြပ်ဖြုတ်ခိုင်းခြင်း၊ ရဲတပ်ဖွဲ့ကိုခေါ်၍ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခိုင်းခြင်းအပြင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ပြည်သူများကို တိုင်တန်းအမှုဖွင့် တရားစွဲဆို ထောင်ချခြင်းများကို ဆောင်ရွက်နေ၍ သ-တ်ဖြတ်ရသည်ဟုလည်း Bago Region PDF က အကြောင်းပြထားသည်။

NUG ၏ ဩဇာခံ PDF များက လျှပ်စစ်ရုံးမှ ဝန်ထမ်းဆယ်ချီကို လုပ်ကြံ သ-တ်ဖြတ်ထားသကဲ့သို့ လျှပ်စစ်ဓာတ်အားပေးလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ သဘာဝဓာတ်ငွေ့ဓာတ်အားပေးပိုက်လိုင်းများကိုလည်း အလုံးစုံပျက်သုဥ်းရေးမူဝါဒဖြင့်တိုက်ခိုက်ဖျက်စီးထားသဖြင့် နိုင်ငံပိုင်လျှပ်စစ်အခြေခံအဆောက်အအုံရာချီ ဖျက်ဆီးခံထားရပြီး တိုင်းပြည်က ကျပ်ဘီလျံပေါင်းများစွာလည်း ဆုံးရှုံးထားရသည့်အပြင် ထိုဖျက်ဆီးမှုများစွာကြောင့် ပြည်သူများထံ လျှပ်စစ်ဓာတ်အားဖြန့်ချိမှုလည်း လျော့ကျလာသဖြင့် အခြေခံပြည်သူများ အခက်အခဲများစွာ တွေ့ကြုံနေရသည်။

Leave a Reply

Your email address will not be published. Required fields are marked *