MT News

Written by Peya

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နေအိမ်အတွင်း၌ ထိုင်နေသူနှစ်ဦးကို ကျွဲဝင်ခတ်သဖြင့် ဒဏ်ရာရသွားကြောင်း သုညသုခပရဟိတလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

အဆိုပါဖြစ်စဥ်မှာ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်၊ တပ်ကလေးရပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“အခတ်ခံရတဲ့သူတစ်ယောက်က ပွန်းပဲ့ပြီး နံရိုးနားမှာ ထိသွားတာပါ။ ကျွန်တော်တို့ဆေးရုံကို ပို့ပေးလိုက်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ခတ်သည့်ကျွဲမှာ ဧပြီလ ၂၇ ရက်ညက ပျောက်သွားသည့် စာဝတီးကျေးရွာမှ ကျွဲမဖြစ်ကာ နောက်ဆက်တွဲသတင်းများကိုမသိရသေးကြောင်းလည်း ၎င်းကရှင်းပြသည်။

“ခြံတံခါး နည်းနည်းလေးဟထားတာကနေ ဝင်လာပြီး ခတ်သွားတာ။ ပြီးတော့ အဲ့ဒီအပေါက်ကနေ ပြန်ထွက်သွားတယ်။ ကျွဲကိုသတ်လိုက်တယ်လည်း ပြောပါတယ်။ မြို့ထဲဘက်ထွက်သွားပြီး နောက်ဆက်တွဲမသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ (ဓာတ်ပုံ-သုညသုခ ပရဟိတအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *