MT News

Written by Pan Ei

၁၉၆၅ ခုနှစ်က စတင်ကာ တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲတွေနဲ့ ပြဇာတ်နယ်ပယ်တွေမှာ ထူးချွန်သူတွေအတွက် ချီးမြှင့်တဲ့ ဆုပေးပွဲ Bakesang Arts Awards ရဲ့ ၅၉ ကြိမ်မြောက် ဆုပေးပွဲကို ဧပြီ ၂၈ ရက်မှာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

Netflix က ထုတ်လွှင့်ထားပြီး နိုင်ငံတကာမှာပါ အောင်မြင်မှုတွေရရှိနေတဲ့ The Glory ဟာဆိုရင် ၅၉ ကြိမ်မြောက် Bakesang Arts ဆုပေးပွဲမှာ ဆုကြီး ၃ ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အကောင်းဆုံး ဇာတ်လမ်းတွဲဆုကို The Glory၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို The Glory ဇာတ်လမ်းတွဲနဲ့ မင်းသမီး Song Hye Ko၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို The Glory ဇာတ်လမ်းတွဲနဲ့ မင်းသမီး Lim Ji Yeon တို့က သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

အခြားသော ဆုတွေအနေနဲ့ ဇာတ်လမ်းတွဲအတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ ဇာတ်ပို့ဆုကို Lee Sung Min နဲ့ Jo Woo Jin၊ အကောင်းဆုံး ဖျော်ဖြေရေးဆုကို Kim Jong Kook နဲ့ Lee Eun Ji၊ TikTok လူကြိုက်အများဆုံးဆုကို Park Jin Young နဲ့ IU တို့က ရရှိခဲ့ကြပြီး ဇာတ်လမ်းတွဲအတွက် တစ်နှစ်တာရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Grand Prize ကိုတော့ Attorney Woo ဇာတ်ကားမှာ အော်တစ်ဇစ် ရှေ့နေမလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Eun Bin က ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲတစ်ခုဖြစ်တဲ့ ၂၀၂၃ ခုနှစ်အတွက် Bakesang Arts ဆုပေးပွဲ တင်ဆက်သူတွေအဖြစ် Shin Dong Yup၊ Bae Suzy နဲ့ Park Bo Gum တို့က တင်ဆက်ခဲ့ကြပြီး တောင်ကိုရီးယားနိုင်ငံအတွင်း JTBC ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ခဲ့သလို နိုင်ငံတကာကို TikTok က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

Ref; Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *