တရုတ်အလုပ်ကြပ် (ရှေ့တန်းအလယ်ဗဟို) အား ဖမ်းဆီးမိသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်အတူ တွေ့ရစဉ်။

၂၈. ၄. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာပြည်ဝင်ခွင့်ဖြင့် ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံသား အလုပ်ကြပ်တစ်ဦးနှင့် စာရွက်စာတမ်းအထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦးအား ထိုင်းနိုင်ငံ၊ ဆာမွတ်ပရာခန်ပြည်နယ်၊ ဘန်ဖလီခရိုင်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဧပြီလ ၂၇ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးမှုအား လူဝင်မှုကြီးကြပ်ရေးရဲအဖွဲ့က ပြုလုပ်ခဲ့ပြီး Paed တူးမြောင်းကို ဖြတ်သည့် တံတားတစ်ခုအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ တရားမဝင်အလုပ်သမားများရှိနေကြောင်း သတင်းပေးမှု ရရှိခဲ့သည်ဟုဆိုသည်။

ဝင်ရောက်ဖမ်းဆီးသည့် ရဲအရာရှိများအား တွေ့မြင်ရလျှင် အလုပ်သမားအများအပြားက ထွက်ပြေးရန်ကြိုးစားခဲ့ပြီး ၂၃ ဦးကိုမူ လက်ရဖမ်းမိခဲ့သည်။ ဖမ်းဆီးမိသူအားလုံးမှာ အလုပ်ပါမစ်များလည်းမရှိကြကြောင်း ရဲမှူးကြီး ချင်နာဝပ် တန်ဝုန်လတ်က ပြောခဲ့သည်။ ၎င်းက ဆာမွတ်ပရာခန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကို ကြီးကြပ်ရသူဖြစ်ပြီး အဆိုပါဝင်ရောက်ဖမ်းဆီးမှုကို ခေါင်းဆောင်သူလည်းဖြစ်သည်။

ရဲတပ်ဖွဲ့အရာရှိများက ထိုင်းနိုင်ငံသား တရုတ်မျိုးနွယ်တစ်ဦးဟုထင်ရသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြီးကြပ်သူတစ်ဦးအားတွေ့ရှိကာ အလုပ်သမားများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ သို့ရာတွင် ထိုသူက တရုတ်အမည် Nibg Shoshi ဟုခေါပြီး ထိုင်းနိုင်ငံတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ၁၄ ရက် ဗီဇာဖြင့်သာ ဝင်ရောက်ခဲ့သူဖြစ်ကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိခဲ့သည်။

စစ်ဆေးမေးမြန်းမှုများအတွင်း ၎င်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ကြပ်တစ်ဦးအနေနှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ တရုတ်နိုင်ငံသားအလုပ်ကြပ်နှင့် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား ၂၃ ဦးကို ဘန်ဖလီခရိုင်ရဲစခန်းသို့ လွှဲပေးခဲ့ကာ ဥပဒေကြောင်းများနှင့်အညီ ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးလိမ့်မည်ဟု သိရသည်။

Ref——-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *